Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ
Recent Movies

Extortion ( 2017 ) မြန်မာစာတန်းထိုး


 

IMDb rating 6.4 အထိရထားတဲ့ 2017 နစ်ထွက်
horror ကားကောင်းလေးတစ်ကားပါ
Kevin Riley ဟာအောင်မြင်တဲ့ဆရာဝန်တစ်ယောက်ပါ
သူ့မှာ Julie ဆိုတဲ့မိန်းမနဲ့ ၆ နစ်အရွယ် သားတစ်ယောက်
ရှိပါတယ် သူတို့ဟာ ဘဟားမားကျွန်း ဘက်ကို
အားရက်လပ်အပန်းဖြေခရီးထွက်ခဲ့ပါတယ် Kevin ဟာ
ဒီခရီးကိုသူတို့မိသားစုအတွက်အကောင်းဆုံးအပန်းဖြေ
ခရီးဖြစ်ဖို့အတွက်နဲ့ငွေတွေအများကြီးသုံးခဲ့ပီးတော့
အကောင်းဆုံးဆိုတဲ့အရာတွေကိုဘဲရအောင်ဖန်တီးခဲ့ပါတယ်
သူဟာသူ့မိသားစုနဲ့ပင်လယ်ခရီးထွက်ဖို့အတွက်ဟိုတယ်ကနေ
လှေတစ်စီးဌားခဲ့ပင်မဲ့မရခဲ့တဲ့အတွက်ဆိပ်ကမ်းကနေလှေတစ်
စီးကိုမရရအောင်ဌားခဲ့ရပါတယ် အဲ့နောက်သူ့မိသားစုနဲ့အတူ
ပင်လယ်ထဲကိုခရီးထွက်ခဲ့ရာမှာလှေကပျက်ခဲ့ပီးတော့
လူမရှိတဲ့ကျွန်းတစ်ကျွန်းပေါ်မှာသောင်တင်နေခဲ့ပါတယ်
သူတို့တွေဟာရက်အများကြီးကူကယ်ရာမဲ့စွာနဲ့ကျွန်းပေါ်
မှာအသက်ရှင်နေခဲ့ရပါတယ် သူတို့တွေကျွန်းပေါ်မှာရှင်
သန်ဖို့အတွက်ဘယ်လိုကြိုးစားမလဲဆိုတာနဲ့ဘယ်လို
အန္တရာယ်မျိုးတွေနဲ့ကြုံရမလဲဆိုတာကိုတော့............

Translated by Linnthura1988
Review & Enconded by Lwin Naung

Large size ( 800 mb )

Small size ( 450 mb )

Ong-Bak 3 ( 2010 ) မြန်မာစာတန်းထိုး



Ong-Bak ဆိုရင်မြန်မာပရိသတ်တွေတော်တော်များများသိကျမှာပါ
အခုဒီကားလေးကတော့ Ong-Bak 3 ပါ ထုံးစံအတိုင်း
နာမည်တော့တူပင်မဲ့အရင်ကားတွေနဲ့တော့အဆက်အစပ်
မရှိပါဘူး ဒီကားကတော့ 1431 ခုနစ်ကိုအခြေခံထားတာပါ
အဲ့ခေတ်မှာဖြစ်ပျက်နေတဲ့နန်းတွင်းပြဿနာတွေနဲ့
လုပ်ကြံမှုတွေ အာဏာလုမှုတွေကိုအတိုက်ခိုက်ခန်း
များများနဲ့တင်ဆက်ထားတာဖြစ်ပါတယ်
အက်ရှင်ခန်းအဓိကအသားပေးထားတာဖြစ်လို့
အက်ရှင်ကားနစ်သက်သူတွေအတွက်တော့နစ်သက်
လောက်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်
Translate & Encoded by Aung Myint Oo
Review by Lwin Naung
Quality Blueray

Large size ( 1.1 G )

Small size ( 400 mb )

Saw 1, 2, 3, 4 ( မြန်မာစာတန်းထိုး )




သူ့နာမည်က ဂျွန် ခရမ်မာ ။ သူ့ကို ရဲတွေနဲ့ သတင်းစာတွေက Jigsaw လို့ ခေါ်တယ် ။ ဂျစ်ဆော ဆိုတာ ဥာဏ်စမ်း ရုပ်ဆက် ကစားနည်း တစ်ခု ။ ဂျွန် ခရမ်မာ ဟာ သူ့သားကောင်တွေကို သတ်ပြီးရင် ဂျစ်ဆောလို့ ခေါ်တဲ့ ဥာဏ်စမ်း ရုပ်ဆက် ကစားနည်းလို သေသူ ရဲ့ အရေပြား အပိုင်းအစလေးတွေကို ခွာယူလေ့ရှိတယ် ။ ဂျစ်ဆောလို့ ခေါ်တဲ့ ဂျွန် ခရမ်မာက ပညာတတ် အင်ဂျင်နီယာ တစ်ယောက် ။ ဂျစ်ဆောမှာ ဖလော်ဆော်ဖီ တစ်ခု ရှိတယ် ။ သူ့ ဖလော်ဆော်ဖီကတော့ " ကိုယ့် ဘဝကို တန်ဖိုး မထားသူဟာ အသက်ရှင်ဖို့ မထိုက်တန်ဘူး" တဲ့ ။ တကယ်တော့ ဂျစ်ဆောဟာ လူသတ်သမား မဟုတ်ဘူး ။ မိမိဘဝ အသက်ရှင်သန်ဖို့ အတွက် မိမိကိုယ်ခန္ဓာက ဘာတွေကို ဘယ်လောက် အဆုံးရှုံးခံနိုင်မလဲ ဆိုတာ စမ်းသပ်တာ ။ လူတွေဟာ ဘယ်လောက်ပဲ ဆိုးဆိုး ၊ ဘယ်လောက်ပဲ ယုတ်မာမာ နောက်ဆုံး မိမိ အသက်ကိုတော့ နှမြောတတ်တာပဲ ။ လူတွေဟာ သေခြင်းတရားနဲ့ ရင်ဆိုင်လာရရင် လူတွေရဲ့ စိတ်ဟာ ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲ သွားတတ်တယ် ။ ဂျစ်ဆောရဲ့ဖလော်ဆော်ဖီတွေဟာ သိပ်ကောင်းပေမယ့် သွေသံရဲရဲ ဇာတ်ဝင်ခန်းတွေကြောင့် အညွှန်းကို ဒီထက် ချဲ့ကားရေးပြလို့ မဖြစ်တော့ဘူး ။ အဲဒိတော့ ခင်ဗျားတို့ ဘာသာ ယူတတ်ရင် ဆက်ကြည့်ပေတော့ .... ဒီရုပ်ရှင်ဟာ ညှင်းပန်းနှိပ်စက်မှုတွေ လူသတ်မှုတွေ နဲ့ အစမှ အဆုံးထိတိုင် ပြည့်နေလို့ ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ကားလို့ သတ်မှတ်လို့ ရပေမယ့် ဂျစ်ဆောရဲ့ ဒဿနတွေကို ခင်ဗျားတို့ သဘောပေါက်ခဲ့ရင် ကျုပ် ဘာသာပြန်ပေးရတာ အချိန်ကုန်ရကျိုး ပင်ပန်းရကျိုး တန်ပါတယ်ဗျာလို့ ပြောချင်ပါတယ် ။ 


Translated & Review by Wai Linn Kyaw
Encoded by Aung Myint Oo
Quality Blueray

Saw 5
Saw 6

Fist Fight ( 2017 )  မြန်မာစာတန်းထိုး




2017 ထွက် ဟာသကား အသစ်လေးတစ်ခုကို တင်ဆက်ပေးပါမယ် အထက်တန်းကျောင်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆရာတွေအကြောင်းပါ သူတို့ကို အလုပ်ပြန်ရဖို့ အင်တာဗျူးမဲ့ ကျောင်းနောက်ဆုံးနေ့မှာပေါ့ ကျောင်းသားတစ်ယောက်ကို ပုဆိန်နဲ့ရမ်းလို့ အလုပ်ဖြုတ်ခံရတော့မဲ့အချိန်ပေါ့ အခြားဆရာတစ်ယောက်က အဲ့အကြောင်းကို ကျောင်းအုပ်နား အမှန်တိုင်းပြောလိုက်လို့ ဆရာနှစ်ယောက်ကြားမှာ နားလည်မှုလွဲတာလေးတွေ ဖြစ်လာပါတယ် ကျောင်းချိန်ပြီးရင် လက်သီးချင်းထိုးဖို့ စိန်ခေါ်ခံရပါတယ် ဖြစ်ချင်တော့ အလုပ်အင်တာဗျူးရော သမီးရဲ့စွမ်းရည်ပြိုင်ပွဲရော ရှိသေးတဲ့အတွက် အဲ့စိန်ခေါ်ပွဲကို မဖြစ်အောင် နည်းမျိုးစုံနဲ့ တားဆီးပါတော့တယ် ဒါပေမဲ့လဲ အလွဲတွေဖြစ်လာပြီး ဘယ်နည်းဘယ်ဟန်နဲ့ဖြေရှင်းမလဲဆိုတာကို ရယ်မောစွာကြည့်ရမှာပါ Budget 25သန်းပဲအသုံးပြုထားပြီး ဝင်ငွေ၂ဆကျော်ကျော်ပြန်ရထားပါတယ် ပရိသတ်အကြိုက် လူမည်းမင်းသား Ice Cube ပြီးရင် Charlie Day , ဟာသမင်းသား Tracy Morganနဲ့ Jillian Bellတို့လို ထိပ်တန်းဟာသသရုပ်ဆောင်တွေပါဝင်ထားတာကြောင့် မရပ်တန်းရီပြီးကြည့်ရမဲ့ ဟာသကားလေးတစ်ကားပါ

Translated & Review by Min Thwin Khant
Encoded by Lwin Naung
Quality Blueray

Large size ( 650 mb )

Small size ( 350 mb)

Black Site Delta (2017 ) မြန်မာစာတန်းထိုး



အက်ရှင်ကားနစ်သက်သူတွေအတွက်
ကားအသစ်လေးပါ
Jack ဟာတပ်ဖွဲ့ထွက်ခဲ့ပီးနောက်
သူ့သမီးနဲ့တွေ့ဖို့အတွက်အိမ်ပြန်လာနေသူဖြစ်ပါတယ်
ဒါပင်မဲ့လမ်းမှာလူဆိုးဂိုဏ်းတစ်ဖွဲ့နဲ့ဆုံတွေ့ခဲ့ပီး
သူ့ကိုရန်စတိုက်ခိုက်ခဲ့တဲ့အတွက်ပြန်လည်ခုခံရင်းနဲ့
လူဆိုးဂိုဏ်းခေါင်းဆောင်ကိုသတ်လိုက်မိပါတယ်
အဲ့အတွက်နဲ့သူ့ကို black site လို့ခေါ်တဲ့ထောင်ကိုပို့
လိုက်ပါတယ် အဲ့ထောင်ကတော့ အစိုးရကပြည်သူတွေကို
မသိစေချင်တဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့
စစ်တပ်ကအရာရှိတွေကိုထားရှိတဲ့အထူးအကျဉ်းထောင်
ဖြစ်ပါတယ် ဒါပင်မဲ့အဲ့အကျဉ်းထောင်ကိုအကြမ်းဖက်
သမားတွေကလာရောက်တိုက်ခိုက်တဲ့အချိန်မှာတော့
Jack ဟာတခြားအကျဉ်းသားတွေနဲ့ပူးပေါင်းခဲ့ပီးတော့
အကြမ်းဖက်သမားတွေကိုတိုက်ခိုက်ရင်းနဲ့
သူတို့တည်ရှိနေတဲ့ထောင်ကြီးရဲ့သရုပ်မှန်ကိုပါ
သိရှိလာခဲ့ပါတယ် အဲ့ထောင်ကြီးကဘယ်လိုမျိုးလဲ
ဆိုတာနဲ့ အကြမ်းဖက်သမားတွေကိုဘယ်လို
ရင်ဆိုင်မလဲဆိုတာကိုတော့.................
 
Translated by Lin Thura
Review and Encoded by Lwin Naung

Johnny English Reborn (2011) မြန်မာစာတန်းထိုး

IMDb rating 603


Mr.Bean ရဲ့ Johnny English Reborn ဆိုရင်လူတိုင်း
သိပီးသားဖြစ်မှာဘဲ James Bond ဇာတ်ကားတွေကို
ပြောင်ပီးတော့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်
ပထမဆုံးထွက်ခဲ့တဲ့ Johnny English ကားလေးရဲ့
အဆက်ဖြစ်ပါတယ် အစပိုင်းမှာတော့ Johnny English
ဟာ တိဗက်မှာသွားပီးတော့လေ့ကျင့်နေတာကနေစ
ထားပါတယ် နောက်မှာတော့ MI7 ရဲ့ဆင့်ခေါ်ခြင်းကို
ခံရပီးတော့ လုပ်ကြံမှုတစ်ခုကိုတားဆီးဖို့အတွက်
တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ် သူဘယ်လိုမျိုး
တစ်လွှဲတစ်လျှော်တွေလုပ်ပီးတော့ ကယ်တင်ရမယ့်
သူကိုဘယ်လိုမျိုးကယ်တင်အုံးမလဲဆိုတာကိုတော့........

Translated and Encoded by Aung Myint Oo
Review by Lwin Naung


Large size ( 700mb )
Small size ( 400mb )

009-1: The End of the Beginning (2013)

 IMDb rating 4.6

 မှတ်ချက်။ ။ 009-1 ဟာ ခေတ်ကြိုသိပ္ပံကားဖြစ်တဲ့အတွက် 18+အခန်းတွေနဲနဲပါသလို
၊ တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်းတွေကလည်း  သွေးသံတရဲရဲနဲ့မို့
 အရွယ်မရောက်သေးတဲ့ လူငယ်လေးတွေ မကြည့်သင့်ပါဘူးရှင့် :)


ဒီဇာတ်ကားကတော့ လာမဲ့အနာဂတ်ကာလမှာ ကမ္ဘာကြီးဟာ
အနောက်ခြမ်းနဲ့အရှေ့ခြမ်းဆိုပြီး  အာဏာပြိုင်ရင်း နှစ်
ခြမ်း ကွဲသွားပြီးတဲ့နောက်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား
သူလျှိတွေ အသီးသီးလွှတ်ပြီးတိုက်ခိုက်ကြတဲ့ ခေတ်ကြိုသိပ္ပံ
သူလျှိုဇာတ်ကားလေးပါ။

သူလျှိုမလေး Mirine (009-1) ဟာ ကမ္ဘာအနောက်ခြမ်းက
 သူသားတစ်ဝက် စက်ရုပ်တစ်ဝက်   အေးဂျင့်တစ်ယောက်ပါ။ သူမဟာ
 အနောက်ခြမ်းနဲ့ အရှေ့ခြမ်းကြားက နယ်နိမိတ်နိုင်ငံ
ဖြစ်တဲ့ J နိုင်ငံထဲကို ခိုးဝင်ပြီးတော့ လူ့အင်္ဂါ အစိတ်အပိုင်း
တွေကို မှောင်ခိုရောင်းချနေတဲ့  ဂိုဏ်းကို စုံစမ်းရတဲ့
တာဝန်ကို ပေးအပ်ခြင်းခံရပါတယ်။ သူမဟာ မှောင်ခိုဂိုဏ်းကို စုံစမ်းရင်း
ကမ္ဘာ့အရှေ့ခြမ်းဆီက ဒုက္ခသည် ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။

ကောင်လေးကို သူမက Chris လို့ နာမည်ပေးခဲ့ပြီး
 ကျွမ်းဝင်ခဲ့တဲ့နောက်မှာတော့   သူမတစ်ပိုင်းတစ်စ မှတ်မိနေသး
တဲ့ သူမရဲ့ မိသားစုအကြောင်းကို  သိချင်စိတ်တွေ များလာခဲ့တယ်။

သူမဟာ ငယ်ငယ်လေးကတည်းက မိသားစုနဲ့ အခွဲခံခဲ့ရပြီး
သူလျှိုအဖြစ် လေ့ကျင့်ခံခဲ့ရပါတယ်။ အဖျက်ခံခဲ့ရတဲ့ သူမမှတ်ဥာဏ်တွေအတွက်
သူမအတိတ်ကို ပြန်လည်ရှာဖွေဖို့ ကြိုးစားရင်း အခက်အခဲအမျိုးမျိုး
ပြောင်းလဲခြင်းအမျိုးမျိုးကို အန်တုကာ ပျက်ဆီးနေတဲ့ကမ္ဘာကြီးကို
သူမ ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 သူမအတိတ်မှတ်ဥာဏ်အတွက် သူမရှင်သန်နေတဲ့ ကမ္ဘာကြီးအတွက်
ဘာတွေဘယ်လို တိုက်ခိုက်အန်တုရင်း   ဘယ်လို ဆက်လက်ရှင်သန်သွားမယ်ဆိုတာကို
ကိုယ်တိုင် ကြည့်ကြည့်မှ သိမှာပါနော်။

လူသားစက်ရုပ်ကားဖြစ်ပေမယ့် မိသားစုမေတ္တာ၊  သူငယ်ချင်းမေတ္တာ
တွေနဲ့ ဇာတ်အိမ်  တည်ထားတာမို့ ပရိသတ်ရင်ကို
ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါ။


Translated & Review by War So
Encoded by Lwin Naung
Quality Blueray


Large size ( 600 mb)

Small size ( 350 mb )

Vampire Hunter D BloodLust(2000)

Vampire Hunter D BloodLust(2000)

IMDb Rating: 7.7 ရထားတဲ့ကားကောင်းလေးပါ

Charoltte ဆိုတဲ့မိန်းမပျိုလေးဟာ Baron Meier Link
ဆိုတဲ့ vampire တစ်ယောက်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်
သူဟာမလိုအပ်ဘဲနဲ့လူတွေကိုမထိခိုက်အောင်လုပ်ဖို့
ဆုံးဖြတ်ချက်ချထားခဲ့သူပါ
Charoltte ရဲ့အဖေ Elbourne ဟာ
vampire hunter ဖြစ်တဲ့ D ကို ဌားရမ်းပီးတော့
သူမကိုကယ်ဖို့ဌားရမ်းခဲ့ပါတယ် ဒါပင်မဲ့ သူမကို
vampire အဖြစ်ပြောင်းလိုက်ရင်တော့ သူမကိုပါ
သတ်ပစ်ဖို့မှာလိုက်ပါတယ် ဒီအလုပ်အတွက် D ကို
ဒေါ်လာ ၅သိန်း ပေးဖို့ကမ်းလှမ်းခဲ့ပင်မဲ့ D ကတော့
နစ်ဆပေးဖို့တောင်းဆိုခဲ့ပီးတော့ Charoltte ကိုကယ်တင်ဖို့
လက်ခံခဲ့ပါတယ်
အဲ့သလိုဘဲ Charoltte ရဲ့အစ်ကိုအကြီးဆုံးကလဲ
Marcus brothers ဆိုတဲ့ vampire hunter တစ်ဖွဲ့ကိုလဲ
ဌားရမ်းခဲ့ပီးတော့သူ့ညီမကိုကယ်တင်စေခဲ့ပါတယ်
D နဲ့ Marcus brothers တို့နစ်ဖွဲ့ဘယ်လိုပြိုင်ဆိုင်
မလဲဆိုတာနဲ့ ဘယ်လိုသူတွေကရောပါလာမလဲ
Charoltte ကိုရောကယ်တင်နိုင်မလား
ဒါမှမဟုတ်သေဆုံးသွားမလားဆိုတာကိုတော့..............

Translated by Aung Sid Thway
Review and Encoded by Lwin Naung
Quality Blueray

Large size (950mb)

Small size (400mb)

The Lego Batman Movie(2017)မြန်မာစာတန်းထိုး


အာင်​မြင်​တဲ့ animation movie ​တွေမှာ​ရော သိပ်​မ​အောင်​မြင်​တဲ့ animation movie ​တွေမှာပါ ပရိသတ်​ကို ဆွဲ​ဆောင်​နိုင်​မယ့်​ action ခန်း အကြမ်းအလန်းကြီး​တွေ စတန့်​ခန်း​တွေ ဘယ်​​သောအခါမှ မပါပါဘူး
ဒါ့အပြင်​ သရုပ်​​ဆောင်​ မင်းသား မင်းသမီး​တွေရဲ့ အရှိန်​အဝါကို သုံးပြီး​တော့လည်း ​အောင်​မြင်​မှုအတွက်​ လမ်းခင်းယူလို့မရပါ

သို့​ပေမယ့်​ animation movie ​တွေဟာ အခြားအခြား​သော ဇာတ်​လမ်းအမျိုးအစား များစွာကြားမှာ ဘယ်​​သောအခါကမှ မျက်​နှာမငယ်​၊ ​မြောက်​များစွာ​သော ဆု​တွေ၊ ပရိသတ်​ရဲ့ ဝက်​ဝက်​ကွဲ အား​ပေးမှု​တွေနဲ့ ဂန္တဝင်​တွင်​​​လောက်​တဲ့ ဇာတ်​ကားစာရင်း​တွေထဲမှာ ပါမြဲပါလျက်​ရှိတာကို ​တွေ့နိုင်​ပါတယ်

ဘာ​ကြောင့်​လဲဆိုတဲ့ အ​ဖြေက​တော့ အမျိုးမျိုး ခန့်​မှန်းထင်​​ကြေး​ပေးနိုင်​စရာ ရှိ​ပေမယ့်​ ထင်​ရှားသိသာတဲ့ အချက်​က​တော့ လှပ ပညာသားပါလွန်းတဲ့ မက်​​ဆေ့ခ်ျ​​​လေးတွေ ကြည့်​ရှုသူကို ​ပေးနိုင်​တာပါပဲ
ပေါ​ပေါ့ပါးပါး ရယ်​​မော ​ပျော်​ရွှင်​စရာများမှသည်​ ဝမ်းနည်း​ဖြေမဆည်​နိုင်​ခြင်းများတိုင်​​အောင်​ ရသစုံ ခံစားချက်​အဖုံဖုံကို ​ပေးနိုင်​စွမ်းရှိခြင်းဆိုတဲ့ ဝိ​သေသ​ကြောင့်​လည်း ​animation movie များကို ကြီးငယ်​လတ်​ အရွယ်​သုံးပါးမ​ရွေး မက်​​မောခုံမင်​စွာ အား​ပေးဆဲ အား​ပေးမြဲ ရှိခြင်းပါ

DC နဲ့ Batman ဆိုလျှင်​ မသိသူ မရှိသ​လောက်​ပါပဲ
နှစ်​​ပေါင်း ၇၈ နှစ်​သက်​တမ်း ရှိပြီဖြစ်​တဲ့ Batman ဆိုတဲ့ ဇာတ်​​ကောင်​ဟာ ရုပ်​ပြ၊ ရုပ်​ရှင်​၊ animation စသည်​ဖြင့်​ ပုံစံအမျိုးမျိုးနဲ့ ပရိသတ်​မျိုးဆက်​ သုံးဆက်​နီးပါးမျှတိုင်​ လူကြိုက်​များ ​ရေပန်းစား ရှင်​သန်​မြဲပါ
ဖန်​တီးသူများရဲ့ အမျိုးအစားအစုံစုံ​သော လက်​ရာများအကြားမှာ The Lego Batman Movie ဖြစ်​လာရပြန်​​တော့လည်း အရှိန်​အဝါကျသွားခြင်းမရှိပဲ ဆက်​လက်​​အောင်​ပွဲ ခံခဲ့ပြန်​ပါတယ်
စတင်​ရုံတင်​ခဲ့တဲ့ ၂၀၁၇ ဇန်​နဝါရီမှ ယ​နေ့အထိ ငါးလတာအတွင်း ဝင်​​ငွေ အ​မေရိကန်​ သန်း​ပေါင်း ၃၁၀ နဲ့ ပန်းပန်​လျက်​ရှိမြဲပါ
animation movie အမျိုးအစား အများကြီးထဲကမှ Lego အမည်​ရတဲ့ က​လေးကစားစရာ၊ ဆွဲ​ဆောင်​မှုမဲ့သလို ထင်​ရတဲ့ အသွင်​သဏ္ဍာန်​နဲ့ ရိုက်​ကူးခဲ့​သော်​ငြားလည်း ထိုမျှ​လောက်​ ​အောင်​မြင်​ရခြင်းရဲ့ ​သော့ချက်​ကို ရှာ​ဖွေကြည့်​ရာမှာ​တော့.......

ဘီလီယံနာ၊ မိဘမဲ့၊ ပရဟိတသမား သူ​​တော်​​ကောင်းကြီး Bruce Wayne တဖြစ်​လဲ လူစွမ်း​ကောင်းကြီး၊ ကယ်​တင်​ရှင်​ကြီး Batman ဟာ သမိုင်းတစ်​​လျှောက်​ အရှိန်​အဝါ အကြီးဆုံး ဗီလိန်​ Joker ရဲ့ အဖျက်​ရန်​က​နေ Gotham City ကို ​နောက်​ တစ်​ကြိမ်​ ကာကွယ်​နိုင်​ခဲ့ပါတယ်
Joker ကို အနိုင်​ယူ၊ အ​ပေါင်းအပါ ဗီလိန်​များစွာကို တစ်​ကိုယ်​​တော်​ ​ချေမှုန်းခဲ့အပြီးမှာ Batman နဲ့ မိမိအကြား မဟာရန်​သူ​တော်​ ဆက်​ဆံ​ရေးမျိုးနဲ့ နက်​နက်​ရှိုင်းရှိုင်း ပတ်​သက်​​နေပါတယ်​လို့ အထင်​​ရောက်​​နေတဲ့ Joker ကို ထိုသို့​သော ဆက်​ဆံ​ရေးမျိုးမရှိ​ကြောင်း ငြင်းပယ်​ခဲ့ပါတယ်
ထို့​နောက်​ ​ကော်​မရှင်​နာ Gordan ရဲ့ ရာထူးမှ အနားယူ နှုတ်​ဆက်​ပွဲကျင်းပ​နေချိန်​မှာ Joker တစ်​​ယောက်​ Batman နဲ့ Joker ဆိုတာ မဟာရန်​သူ​တော်​ အဆင့်​ မဟုတ်​​ပါဘူးလို့ အငြင်းခံလိုက်​ရတဲ့အတွက်​ Batman ကို လက်​စား​ချေ​ရေး အထူးအစီအစဉ်​နဲ့ ပါတီပွဲကို ​ပေါက်​ချလာကာ
မြို့လူထု ​ရှေ့​မှောက်​မှာပဲ အ​ပေါင်းအပါ ဗီလိန်​အားလုံးနှင့်​တကွ ကိုယ်​တိုင်​ အဖမ်းခံပြီး Arkham အကျဉ်း​ထောင်​ကို ​ရောက်​သွားပါတယ်
ဗီလိန်​အားလုံး ​ထောင်​ထဲ​ရောက်​သွားတဲ့ အခါ Gotham မြို့ကြီးလည်း ​အေးချမ်းသွားပြီး Batman တစ်​​ယောက်​ လုပ်​စရာမရှိ​တော့ပါဘူး
Joker ရဲ့ လုပ်​ရပ်​အ​ပေါ်သံသယဝင်​​နေမြဲ ဖြစ်​တဲ့အတွက်​ Joker ကို Arkham မှသည်​ အတင်းကျပ်​ဆုံး အကျဉ်း​ထောင်​ဖြစ်​တဲ့ Phantom Zone သို့ပို့ရန်​ ကြံစည်​ရာမှာ​တော့ Superman ရဲ့ ​Fortress of Solitude မှ Phantom Zone Projector ကို သွားခိုးဖို့ လိုလာပါတယ်
ထို့အတွက်​ Gordon ရဲ့ နှုတ်​ဆက်​ပွဲမှာ မိမိ​မွေးစားခဲ့တဲ့ Dick Grayson ကို Robin အဖြစ်​​ပြောင်းလဲ ​ပေးပြီး အ​ကောင်​အထည်​​ဖော်​ရာမှာ​တော့......

တစ်​​ယောက်​တည်းလှုပ်​ရှားတဲ့ Batman၊ ခံစားချက်​​တွေကို စွန့်​ပယ်​ထားတဲ့ သူရဲ​ကောင်းကြီး Batman၊ ရင်​နှီးကျွမ်းဝင်​မှု ချစ်​​မေတ္တာတရား သံ​ယောဇဉ်​ ကင်းမဲ့သူကြီး Batman တစ်​​ယောက်​ မိမိရဲ့ နှလုံးသားကို ပိတ်​​လှောင်​ထားတဲ့အရာဟာ မိမိဘဝမှာ တစ်​ခုတည်​​တည်း​သော သံ​ယောဇဉ်​​နှောင်​ကြိုးဖြစ်​တဲ့ မိဘနှစ်ဦး​ကို ဆုံးရှုံးခြင်းကြောင့်​ ဝမ်းနည်းပူ​ဆွေးရတဲ့ ခံစားချက်​မျိုး ထပ်​ခံစားရမှာကို​ကြောက်​ရွံ့ခြင်းဖြစ်​​ကြောင်း သိလာရပါတယ်
အထိန်း​တော်​ကြီး Alfred ​ပြောခဲ့တဲ့ Batman အ​ကြောက်​ဆုံးအရာဆိုတာကို နားလည်​လာခြင်းနှင့်​အတူ တစ်​စတစ်​စ တိုးလာတဲ့ Robin နဲ့ မိမိရဲ့ ​သံ​ယောဇဉ်​၊ ရန်​သူနဲ့ မိတ်​​ဆွေအကြား ရပ်​တည်​မှုကို ​ပြောင်း​လဲပေးနိုင်​မယ့်​ ကြိုး​လေးမျှင်​ တို့​ကြောင့်​ ဘာ​တွေ ဆက်​ဖြစ်​မှာလဲဆိုတာကို​တော့ ကား​ကောင်းတစ်​ကား၊ ဇာတ်​လမ်း​ကောင်းတစ်​ပုဒ်​ကို ပရိသတ်​ကြီး ကိုယ်​တိုင်​ကိုယ်​ကျ ကြည့်​ရှုခံစား​နိုင်​​စေရန်​ အလို့ငှါ Gold Channel မှ အ​ကောင်းဆုံး အရည်​အ​သွေးနဲ့ အထူး ကြိုးစားတင်​ဆက်​​ပေးလိုက်​ပါတယ်​ ခင်​ဗျာ

Review by Htag
Translate by Lwin Naung & Htag
Encoded by Hein Min Htet
Quality-Web Dl 720p
Size -770mb/340mb

Download HD(770mb)

Small(430mb)


Fate of the Furious (2017)


Fast and Furious franchise ထွက်တာ တော်တော်ကြာနေခဲ့ပါပြီ။ ကားမောင်းတာအခြေခံတဲ့ ထောက်လှမ်းရေးဆန်ဆန် အက်ရှင်ဆန်ဆန် ဇာတ်လမ်းတွေကြောင့် ကျွန်တော်တို့ အသဲစွဲကြိုက်ခဲ့ရတဲ့ ဒီဇာတ်ကားတွေဟာ သိကြမဲ့အတိုင်း Fast 4 လောက်ကစပြီး ဇာတ်လမ်း အနုပညာထက် စီးပွားရေးပိုဆန်လာခဲ့တယ်။ Fast 5 လောက်ကစပြီး logic တွေဘာတွေ ထည့်မတွက်တော့ဘဲ လူကြည့်ပြီးရော ငွေရပြီးရော ရိုက်လာခဲ့တာ အခု Fast 8 မှာတော့ တော်တော်လွန်လာပြီလို့ပဲပြောချင်ပါတယ်။
.
ဒီလိုပြောလို့ ကျွန်တော့်ကို ဆဲကြမှာပါ။ ဒါပေမဲ့ စဉ်းစားကြည့်ပါ။ Fast and Furious ကားတွေဟာ ခုနကပြောခဲ့သလို စီးပွားရေးဆန်လာလို့ budget ကောင်းကောင်းတွေ၊ cast ကောင်းကောင်းတွေ၊ Superhero ကားတွေနဲ့ ပုခုံးချင်းယှဉ်နိုင်လောက်တဲ့ visual effect တွေ၊ အင်မတန်လှပပြီး တော်လှတဲ့ Stunt အကွက်တွေ စတဲ့ အကောင်းတကာ့အကောင်းဆုံးတွေ ပစ်ထည့်ခဲ့လို့ နာပါတ်စဉ် မြင့်လာလေ ဝင်ငွေကောင်းလေဖြစ်လာပြီး တစ်နှစ်ရဲ့ ဝင်ငွေအကောင်းဆုံးစာရင်းတွေထဲ ပါလာခဲ့တယ်။ ဒီလိုကြောင့် နောက်ကားဆက်ရိုက်တိုင်း အရင်ကားထက်ပို ပေါက်ဖို့ ပိုကြမ်း၊ ပိုပေါက်ကွဲ၊ ကားတွေပိုဖျက်ရမယ်ဆိုတဲ့ ပြီးစလွယ် strategy တွေကြောင့် ဇာတ်လမ်းတွေဟာ ကြာလေချာလေဖြစ်လာတယ်။ Fast 7 လောက်တွေအထိ physics တွေ၊ Logic တွေ၊ common sense တွေ တော်တော်များများကို ဂရုမစိုက်ဘဲ ကြမ်းပြီးရောရိုက်ခဲလို့ ဇာတ်ဝင်ခန်းတော်တော်များများကို “တော်ပါတော့ကွာ” ဆိုပြီးဖြစ်ခဲ့ရပေမဲ့ ပရိတ်သတ် တော်တော်များများပြောကြသလို ဒါတွေယုတ္တိမရှိပေမဲ့ အပျော်ကြည့်ရင်ကောင်းတယ် ဆိုတာနဲ့ ဖြေကြည့်ရင်ဟုတ်ခဲ့ပေမဲ့ အခု Fast 8 မှာတော့ လွဲတာတွေက စည်းကျော်ခဲ့ပြီး ကြည့်နေတဲ့ ပရိတ်သတ်ရဲ့ IQ ကို စော်ကားသလိုဖြစ်လာတယ်။ ရိုင်းရိုင်းပြောရရင် IQ ကို နားရင်းတက်ရိုက်သလိုပါပဲ။
.
ကျွန်တော်အရင် review တစ်ပုဒ်မှာပြောခဲ့သလိုပါ။ ဘယ်လောက်ပဲ sci-fi ပဲဖြစ်ဖြစ် fiction ပဲဖြစ်ဖြစ်၊ fantasy ပဲဖြစ်ဖြစ်၊ သင့်တင်လျောက်ပတ်တဲ့ Logic တော့ရှိရမှာပါ။ Comic book တွေမှာတောင် Superhero တွေက ဒီလိုဖြစ်လို့ ဒီလိုဖြစ်တယ်ဆိုပြီး legit ဖြစ်တဲ့ ရှင်းလင်းချက်တွေရှိတယ်။ ဒါပေမဲ့ Fast 8 မှာတော့ သူနဲ့ယှဉ်ရင် Marvel ရဲ့ Agents of SHIELD ကားတွေကမှ ပို ယုတ္တိရှိသလိုခံစားခဲ့ရတယ်။ Minor spoiler အနေနဲ့ပြောရရင် သူ့ဘာသာ ဘယ်လောက် hacking skill ကောင်းကောင်း၊ စက်ဘယ်လောက် အဆင့်မြင့်မြင့်၊ အနုမြူရေငုပ်သင်္ဘောကို ကီးဘုတ်လေးငါးချက်ခေါက်ပြီး hack လုပ်၊ အနုမြုနဲ့ထုတာ အရမ်းကလေးဆန်လွန်းတယ်။ Agents of SHIELD မှာတောင်မှ အလွန်ဆုံးရှိ တံခါးနဲ့ CCTV လောက်ပဲ အလွယ် hack နိုင်တာဝေ့။ ဒီစော်ကြီးကတော့ Iron Man တောင် လွတ်မှာမဟုတ်ဘူး Hack ခံရမှာ ဒီပုံအတိုင်းဆို။ (ပြောမရဘူး၊ မြန်မာပြည်လာရင် ဆိုက်ကားတောင် hack မလားမသိ။ တွေ့သမျှ အကုန် hack နေလို့) Power Ranger ကားတွေတောင်မှ special weapon နဲ့ထုချင်ရင် ငါးယောက်ပေါင်းမှ ပစ်လို့ရတာတွေရှိသေးတယ်။ Trailer တွေမှာ တွေ့ရတဲ့ ကားလေးတစ်စီးအတွက် ကားတွေကို hack ပြီး World War Z စတိုင်လုပ်တာက skill မြင့်တာလား၊ badass ဖြစ်တာလား၊ အသုံးပဲမကျတာလား မသဲကွဲဘူး။
.
လက်နဲ့တောင် ကားဘော်ဒီကို ဆွဲခွါလို့ရတဲ့ထိ ရွဲနေတဲ့ ကားစုတ်၊ အင်ဂျင်က မီးဟုန်းဟုန်းတောက်တာတောင် နောက်ပြန်မောင်းပြီး အနိုင်ယူတာလည်း Ghost Rider ကြီး Robby Ryes ထိုင်ငိုနိုင်တယ်။ နောက် သူတို့လုပ်ချင်သမျှ ဘယ် law of physics/ science/ logic တစ်ခုမှ အတားအဆီးမရှိဘဲ အကုန်သူ့တို့ဘက်ပါနေလို့ အားလုံးက လွယ်ကူနေတယ်။
ဇာတ်လမ်းပိုင်းမှာလည်း ခိုင်မာတာမရှိဘဲ သူ့ဟာသူ ဖြစ်ချင်ရာဖြစ်၊ လုပ်ချင်ရာလုပ်။ ဇာတ်လမ်းကိုလည်း Korea ဇာတ်လမ်းတွဲတွေလို ဆက်ချင်ရာနဲ့ဆက်။ Fast and Furious ဖြစ်တည်လာတဲ့ အနှစ်သာရ Family ဆိုတာကိုပဲ ကိုင်ပေါက်။ ဇာတ်လမ်းတစ်ပုဒ်လုံး team တစ်ခုလုံးက အရင်လို သူ့ specialty နဲ့ သူ စကေးမပြနိုင်ဘဲ Dom တစ်ကောင်ပဲ ရုန်းသွားတယ်။ နောက် Acting တွေကလည်း အကုန်လုံး ပြီးစလွယ်။ ဒီလောက် ရှုပ်ရှက်ခတ်နေတာတောင် အကုန်လုံးရဲ့ မျက်နှာပေးက ဒီအတိုင်း ရပ်ကွက်ထဲကားပတ်မောင်းသလို မျက်နှာတွေက ဘာမှမမူတဲ့ပုံ။ အရမ်းတော်တတ်နေလို့ Skill မြင့်နေလို့ ဘာမှဂရုမစိုက်တော့တာလား၊ သရုပ်ဆောင်ရတာကိုပဲ စိတ်မပါတော့တာလား မသဲကွဲ။ တစ်ကားလုံးမှာ ပုံမှန်ဖြစ်နေတာဆိုလို့ Tyrese Gibson တစ်ယောက်ပဲရှိတယ်။ Directing ပိုင်းကလည်း တကယ့် ဟာသပါ။ Dom အလာကို မီးပိတ်ပြီး ထိုင်စောင့်နေတဲ့အခန်းဆို တွေးမိတိုင်း မျက်ရည်ကျမတတ် ရယ်မိတယ်။
.
Fast and Furious ဟာ ပြီးသင့်တာ ကြာနေပြီဖြစ်တဲ့ franchise တစ်ခုပါ။ Action အသားပေးမို့ ယုတ္တိမရှိတာတွေ စိတ်ထဲမထားဘဲ ကြည့်နိုင်ခဲ့ပေမဲ့ ဒီကားမှာတော့ limit ထက် တော်တော်ကျော်ခဲ့လို့ အစပိုင်း ဇာတ်ဝင်ခန်းတစ်ပုဒ်ပြီးတာနဲ့ဆက်ကြည့်ရမှာတောင် တော်တော်ဝန်လေးခဲ့ရတယ်။ ဘော်ဒါတစ်ယောက်ပြောသလို ကြည့်နေရင်း ဒါ မြန်မာကားလားလို့ တွေးမိလောက်အောင်ပဲ။ နောက်ဆုံးပိတ်ပြောချင်တာကတော့ Fast 8 ဟာ ပရိတ်သတ်က ဘာလုပ်ပြလုပ်ပြ ကြိုက်နေတယ်ဆိုပြီး ကြမ်းတယ်ကွာ၊ ဖေါက်တယ်ကွာ၊ hack တယ်ကွာ၊ ဝုန်းတယ်ကွာ၊ သေတဲ့ကောင် ပြန်ရှင်တယ်ကွာ၊ မင်းတို့ကြိုက်ကြမှာဘဲ ဆိုတဲ့ အကွက်ပါ။ Jurassis Park ထဲက Jeff Goldblum ပြောသလိုပြောရရင် “မင်းတို့ကောင်တွေက ရိုက်လို့ရမရဆိုတဲ့ မေးခွန်းထက် ရိုက်လို့သင့်မသင့်ဆိုတဲ့မေးခွန်း ပိုမေးသင့်တယ်” ။ ဘယ်လောက် အောင်မြင်အောင်မြင် ကျွန်တော်တို့ Paul Walker ဆုံးသွားတော့ သူ့ကိုလည်းဂုဏ်ပြုတဲ့အနေနဲ့ Fast 7 မှာကတည်းကရပ်လိုက်ရမှာပါ။ ဒါပေမဲ့ ငွေတော်တော်လိုနေတဲ့ Producer တွေကတော့ Brian, Brian, Family, Family ဆိုပြီး လုပ်စားဆဲပါ။
.
 ငွေပေးကြည့် တန်တဲ့ကားတစ်ကားမဟုတ်သလို ကြည့်ဖူးသမျှရုပ်ရှင်တွေထဲမှာ အဆိုးဆုံးစာရင်းဝင်သွားခဲ့ပါပြီ။ Fast and Furious hardcore fan တွေတော့ ဘယ်လိုနေမလဲမသိပေမဲ့ အရင်ကားတွေထဲက ဓာတ်ကျနေတဲ့ မကြိုက်တဲ့သူတွေ၊ ရုပ်ရှင်ကားကောင်းကောင်း ကြည့်ချင်သူတွေကတော့ ဒီကားကို ယောင်လို့တောင်မှမကြည့်ပါနဲ့။ Online က ရလို့လည်း ဒေါင်းမကြည့်ပါနဲ့။ သူငယ်ချင်းကပေးရင်တောင်မကြည့်ပါနဲ့။ အချိန်ကုန်၊ storage ကုန်ပြီး ဦးနောက်အင်မတန်သနားဖို့ကောင်းပါတယ်။ ဒီကားကိုပေးထားတဲ့ Datshin Rating ထဲက အမှတ်ကတော့ အထက်ကခိုင်းတိုင်းလုပ်ရတဲ့ production အဖွဲ့ထဲက အဖွဲ့သားတွေ၊ stunt တွေ၊ CGI artist စတာတွေကို အားနာလို့ပေးတာပါ။ ဒီအတိုင်း Director နဲ့ writer ဆို ZERO ပဲခင်ဗျ။

Movie Information:
Director: F. Gary Gray
Top Billed Cast: Vin Diesel, Dwayne Johnson, Jason Statham, Michelle Rodriguez, Tyrese Gibson, Charlize Theron
Production: Original Film,  One Race Films,
Distribution: Universal Pictures
Budget: $250 million
Box Office: $552 million
Runtime: 2hr 16 mins

Movie Rating:
Datshin: 1/5
IMDB: 7.3/10
Rotten Tomatoes: 66%

Review by datshin
Translated by Aung Myint Oo
Encoded by Lwin Naung

Large size 1g

Small size 550mb

Public Enemies (2009)

Public Enemies (2009)


ဒီရုပ်ရှင်ကို သိပ်ညွှန်းစရာမလိုဘူး ထင်ပါတယ် ။
၁၉၃၃ ခုနှစ် အမေရီကန်မှာ ပြည်သူ့ရန်သူ
နံပါတ် ၁ အကြေငြာ ခံထားရတဲ့ ဂျွန် ဒီလင်ဂျာ ရဲ့
တကယ့်အဖြစ်အပျက် အကြောင်းပါပဲ ။

မင်းသားကြီJonny Depp နဲ့ အရင် Batman မင်းသား
Christan Bale တို့ရဲ့ကောင်းမွန်လွန်းတဲ့
သရုပ်ဆောင်ပုံတွေကိုသဘောကျကြမယ်ထင်ပါတယ်

Translated and Review by Wai Linn Kyaw
Encoded by Lwin Naung
Size 550mb

Small Size


Beacon Point(2017)မြန်​မာစာတန်းထိုး




လူသတ်မှုနဲ့ စီရင်ချက်ချခံထားတဲ့သူတစ်ယောက်ရယ်
နှစ်၂၀လောက် ကွန်ပျူ တာရှေ့မှာ အလုပ်လုပ်ပြီးမှ အနားယူဖို့ထွက်လာတဲ့ သူတစ်ယောက်ရယ်
အဖေ့အသုဘကျမှ တစ်ယောက်နဲ့တစ်ယောက် မြင်ဖူးကြတဲ့ ညီအစ်ကိုနှစ်ယောက်ရယ်
ဖခင်ရဲ့ပြာတွေကို ဖခင်ဖြစ်စေချင်တဲ့အတိုင်း တောထဲက ရှေးလူမျိုးတို့ရဲ့ ဂန္တဝင်နေရာမှာ ဖြူးပေးချင်တဲ့ မိန်းကလေးတစ်ယောက်ရယ်

၅ယောက်သား တောလမ်းခရီးကို ခြေလျင်သွားဖို့ ဆုံမိပါတော့တယ်
လူသတ်သမားကလဲ သူ့အဖြစ်မှန်ကို ဖုံးဖိထားချင်လို့ ခရီးရဲ့အဓိကနေရာကနေ မသွားပဲ တောနက်ကြီးတွေထဲသွားရင်းကနေ အန္တရာယ်ဆိုးတွေ ကြုံလာပါတော့တယ်

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မျိုးဆက်တွေ အနေနဲ့ စောင့်ကြည့်ဖို့ ဂြိုလ်သားတွေက ဒီကမ္ဘာကို ရောက်လာပါတယ် သူတို့စောင့်ကြည့်တဲ့ အရာကလဲ သက်ရှိတွေရဲ့ မျက်လုံးကပဲဖြစ်ပါတယ်
သူတို့သိချင်တဲ့အချိန်မှာ သက်ရှိတစ်ကောင်ကောင်ကို သတ်ဖြတ်ပြီး မျက်လုံးကိုထုတ်ယူကာ ကင်မရာတစ်လုံးကဲ့သို့ သတ်မှတ်ထားပါတယ်

ဒီ၅ယောက်ကရော တောထဲမှာ ဘယ်လိုအန္တရာယ်တွေတွေ့နိုင်မှာပဲ လွတ်ကောလွတ်မြောက်ရဲ့လား
တစ်ယောက်ထဲပါလာတဲ့ မိန်းကလေးကရော ဖခင်ဖြစ်စေချင်တဲ့အတိုင်း ဖခင်ရဲ့အရိုးပြာတွေကို ဖခင်ဖြူးစေချင်တဲ့နေရာမှာ ဖြူးရပါ့မလားဆိုတာကို သဲတစ်ထိတ်ထိတ် ကြည့်ရမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်

Translated by Min Thwin Khant
Encoded by Hein Min Htet
Quality-Hdrip 720p
Size - 590mb/330mb

Download Large Size
Download Small Size

Before I Fall(2017)မြန်​မာစာတန်းထိုး




“ခဏတာလေးပေမယ့် အဆုံးမဲ့ကာလတိုင် မရွေ့မလျော တည်မြဲကျန်တတ်တယ်”
ဒီဇာတ်ကားလေးရဲ့ ရင်ထဲစွဲမြဲကျန်စေခဲ့တဲ့ မှတ်သားလောက်စရာ quote တစ်ခုပါ

ဘ၀ရဲ့ အချို့သော ခဏတာအခိုက်အတန့်လေးတွေမှာ ပြုမူဆောင်ရွက်ပြောဆိုခဲ့ပုံတွေကြောင့် ကျန်ခဲ့တဲ့အကျိုးသက်ရောက်မှုက ပစ္စုပ္ပန်မှာပြီးသွားခဲ့ပြီလို့ ထင်ရပေမယ့် အဆုံးမဲ့သံသရာတိုင်အောင် ဘ၀အပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေအဖြစ် ဆက်လက်ရှင်သန်နေဆဲပဲလို့ ဆိုလိုချင်ပုံပါပဲ

ဆမ်မာဆိုတဲ့ ပျော်တတ်ရွှင်တတ်တဲ့ ကျောင်းသူလေးတစ်ယောက် သူငယ်ချင်းတွေနဲ့ အတူ သူတို့ပြောင်ရင်ပြောင် သူတို့ လှောင်ရင်လှောင် သူတို့ ပျော်ရင်လိုက်ပျော်ရင်းနဲ့ ဘ၀ကို လူငယ်ဆန်ဆန်ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမယ့် မိမိပျော်ဖို့အတွက် သူတစ်ပါးရဲ့ ပျော်ရွှင်မှုတွေကို စတေးလိုက်ရတဲ့ အခိုက်အတန့်မျိုးတွေ၊ မိမိကိုယ်နှုတ် မစောင့်စည်းမှုတွေကြောင့် မိဘတွေနဲ့ ညီမဖြစ်သူအပါအ၀င် အခြားသူတွေ စိတ်မကောင်း ဖြစ်ခဲ့ရတာတွေကိုတော့ သတိမမူမိခဲ့ပါဘူး။ အများနည်းတူ လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ပေမယ့် ကံကြမ္မာကတော့ သူ့ကိုမှ ကံကွက်ကြားပြီး မိုးရွာခဲ့ပါတယ်။ အပျော်တွေ၊ စိတ်အလိုမကျမှုတွေနဲ့ တစ်ညတာရဲ့အလွန် နောက်နေ့မနက်ခင်း အရောက်မှာတော့ သူ့အတွက် စိတ်တုန်လှုပ်ခြောက်ခြားစရာ ဒဏ်ခတ်မှုတစ်ခုက စောင့်ကြိုနေပါတော့တယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ သက်တောင့်သက်သာ မရှိမှုတွေနဲ့ ပြည့်နှက်နေတဲ့ ယနေ့ဆိုတဲ့ အချိန်အပိုင်းအခြားကနေ မနက်ဖြန်ဆိုတဲ့အရာကို ဘယ်တော့မှ သူမျှော်လင့်ခွင့် မရတော့ပါဘူး။ ယနေ့ဆိုတဲ့ အချိန်စက်ဝန်းကြီးမှာ ပိတ်မိနေတာကို ထိတ်လန့်ဖွယ်ရာ သိခဲ့ရချိန်မှာ သူ့အတွက် ပျော်စရာဆိုတာထက် အခြားသူတွေရဲ့ စိတ်သောကတွေ၊ မိမိနဲ့ သူငယ်ချင်းတွေကြောင့် အခြားသူတွေ ကြေကွဲခံစားခဲ့ရတာတွေကိုသာ တစ်ခါထက်တစ်ခါ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပို သတိထားမိပြီး သူပါ စိတ်မချမ်းမြေ့ဖြစ်လာရပါတော့တယ်။ မိမိမရည်ရွယ်ပဲ လုပ်ခဲ့ ပြောခဲ့တဲ့ ခဏတာသော အခိုက်အတန့်လေးတွေကြောင့် တစ်နေ့တည်းမှာပဲ ထပ်ခါတလဲလဲ ကျင်လည်နေရတဲ့ သူ့အဖို့ အရာရာက နောင်တတွေ၊ ယူကြုံးမရမှုတွေနဲ့ ပြည့်နှက်လို့လာနေပါတော့တယ်။ စိတ်ပျက်ဖွယ်ရာ အချိန်စက်ဝန်းအတွင်း ပိတ်မိနေခြင်းကနေ လွတ်မြောက်ဖို့ကသာ သူ့အတွက် အရာရာတိုင်းထက် အရေးကြီးနေပါပြီ။ မိမိအပြုအမူ အပြောအဆိုတွေကြောင့် သူတစ်ပါးနာကျင်ခဲ့ရတာတွေကို တွေ့လာမြင်လာတာနှင့်တစ်ပြိုင်နက် မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ စိတ်ထားအပေါ် သံသယစိတ်နဲ့ ပြန်လည် စစ်ကြောမိတဲ့အခါ ပြင်ဆင်စရာများစွာ ပြောင်းလဲစရာအနန္တနဲ့ မိမိကိုယ်ကို သတိမထားမိလောက်အောင် စာနာစိတ်၊ ကရုဏာ၊ မေတ္တာနဲ့ အလေးအနက်ထားမှုတွေ ကင်းကွာနေတဲ့ ဆမ်မာအဖြစ် မိမိကိုယ်ကို မြင်တွေ့လာပါတော့တယ်။

ငြီးငွေ့ စိတ်ပျက်ဖွယ်၊ ၀မ်းနည်း ပူဆွေးဖွယ်၊ နောင်တရဖွယ်တွေနဲ့သာ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ရဲ့ စက်ဝန်းထဲကနေ ရုန်းထွက်နိုင်မှာလား၊ မှားခဲ့တဲ့အမှားတွေကိုရော ပြင်ဆင်နိုင်ပါ့မလား ဆိုတာကို တရှိုက်မက်မက်ကြည့်ရှုခံစားနိုင်ကြပါစေရန် အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ် ခင်​ဗျာ

Review and Translated by htag
Encoded by Hein Min Htet
Quality : Bluray
Size : 700Mb/400Mb

Download Large Size
Download Small Size

The Boss Baby(2017)မြန်မာစာတန်းထိုး


မြောက်အမေရိကရဲ့ တစ်ပတ်တာ ဝင်ငွေအကောင်းဆုံး Box Office စာရင်းမှာ Animation ဇာတ်ကားသစ် The Boss Babyက ထိပ်ဆုံးနေရာ ရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်နဲ့ ကနေဒါက ရုံဝင်ကြေးတွေကို တွက်ချက်တဲ့ စာရင်းအရ Disneyက ဖန်တီးတဲ့ ဒီဇာတ်ကားဟာ တစ်ပတ်အတွင်း ဒေါ်လာ ၄၉ သန်းလောက် ဝင်ငွေ ရရှိခဲ့တယ်။ Boss Babyဟာ မိသားစု တစ်ခုကို ရုတ်တရက် ရောက်ရှိလာတဲ့ ကလေးငယ် တစ်ယောက်အကြောင်း စိတ်ကူးဖန်တီးထားတာ ဖြစ်ပါတယ်။ Boss Babyက ထိပ်ဆုံးနေရာကို ရောက်သွားတဲ့အတွက် Disneyရဲ့ တခြား ဇာတ်ကားတစ်ခုဖြစ်တဲ့ Beauty and the Beastက ဒုတိယ နေရာကို ဆင်းပေးလိုက်ရပါတယ်။ Beauty and the Beastကတော့ တစ်ပတ်အတွင်း ရုံဝင်ကြေး ဒေါ်လာ ၄၇.၅ သန်းလောက် ရရှိခဲ့ပါတယ်။ သီတင်းလေးပတ်ကြာ ရုံတင်ပြီး ဖြစ်ပေမယ့် ကင်းကောင် ဇာတ်ကားသစ် Kong: Skull Islandကတော့ ဒေါ်လာ ၈.၈ သန်း ရုံဝင်ကြေး ရရှိခဲ့ပြီး Box Officeရဲ့ ထိပ်ဆုံး ဇာတ်ကား ၅ ခုစာရင်းမှာ ဆက်လက် ပါဝင်နေဆဲလို့လည်း သိရပါတယ်
#credit 7Dailynew

Translate by Min Thwin Khant
Encoded by Hein Min Htet
Quality-Web Dl 720p
Size-660mb/330mb

Download Large Size

Download Small Size


Man of Steel(2013)မြန်​မာစာတန်းထိုး



Man of Steel(2013)မြန်​မာစာတန်းထိုး

GC ပရိတ်သတ်များရဲ့တောင်းဆိုမှုအရ ကျွန်တော်တို့ GC မှတင်ဆက်ပေးလိုက်ပါတယ်
ဒီကားကတော့ နဂို Superman ကားတွေရဲ့ ပုံမှန်ကျောရိုးအနည်းငယ်ပြောင်းလဲပြီး
ရိုက်ကူးထားတာဖြစ်ပါတယ် ဒီကားလေးဟာ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့ပြီး အောင်မြင်မှုအတော်အသင့်ရခဲ့တဲ့ကားဆိုလည်းမမှားပါဘူး
Imdb လည်း 7.1/10 ဆိုတော့  မကောင်းမှာ မပူရတော့ဘူးပေါ့ဗျာ ဒီကားက မင်းသားပြောင်းလဲသွားတာမို့ စကြည့်တုန်းကတော့ ကြည့်မရခဲ့ပေမယ့် BVS ထပ်ကြည့်လိုက်ရတော့ သူနဲ့ စူပါမန်းဇာတ်ကောင်ကလိုက်ဖက်ပါတယ်
ဒီကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့....
ကျွန်တော်တို့ စူပါမန်းကားစထွက်တုန်းကကြည့်ခဲ့တုန်းက သိခဲ့သလို ခရစ်ပတွန်ဂြိုလ်ကနေ စူပါမန်းကို ပို့လွှတ်ခဲ့ရာမှာခရစ်ပတွန်နိုက်ပါ ပါလာခဲ့ပါတယ်
ဒါပေမယ့် ဒီကားထဲမှာတော့ စူပါမန်းကိုပို့လွှတ်ရာမှာ ကာတွန်းထဲကလို ယာဉ်ပျံနဲ့ ပို့လွှတ်ခဲ့တာပါ ဒီကားထဲမှာတော့ ဗိုလ်ချူပ်ဇော့ရဲ့ အာဏာတက်မက်မှုတွေ, စူပါမန်းအဖေရင်းရဲ့ ခရစ်ပတွန်ဂြိုလ်အကြောင်းရှင်းပြတာကို သေချာလေး ထည့်သွင်းပေးထားတာကို ကြည့်ရမှာပါ
ခရစ်ပတွန်ဂြိုလ်ရဲ့ပျက်စီးသွားမှုတွေကိုလည်း အသေးစိတ်ရှင်းပြထားသလို
ခရစ်ပတွန်သားတွေရဲ့ သမိုင်းကြောင်းကိုလည်း သေချာရှင်းပြထားခဲ့တာပါ
ဒီကားကတော့ အရင်စူပါမန်းကားတွေနဲ့ မတူပဲ ဇာတ်လမ်းပြင်ရိုက်ထားတာမို့
တစ်မျိုးတစ်မည်တော့ ခံစားမှုကောင်းလေးရမှာပါလို့ပြောကြားရင်း....
အရှည်ကြီးရေးနေရင် ဇာတ်လမ်းပေါ့မှာစိုးလို့ ကွကိုယ်ပဲ ကြည့်လိုက်ကြပါတော့လို့စ်
ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ

Translated by Morning Star Nainglin
Encoded by Hein Min Htet
Quality : Bluray
Size : 1Gb/500Mb

Download Large Size
Download Small Size

The Invisible Guest(2017) မြန်​မာစာတန်းထိုး



The Invisible Guest(2017) မြန်​မာစာတန်းထိုး

နည်းပညာကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေတဲ့ Adrián, ဂုဏ်ထူးဆောင် ချီးမြှင့်ခြင်းခံရပါတယ်။ သို့သော်လဲ ချက်ချင်းပဲသူ့ဘဝရဲ့ အဆိုးဆုံးနေ့ဖြစ်သွားပါတယ်။ သူနိုးလာတဲ့ အခါဟိုတယ်ခန်းထဲမှာ သူ့ချစ်သူအသတ်ခံရတာတွေ့လိုက်ရပါတယ်။ အခန်းတံခါးဟာလဲ အတွင်းကနေ သော့ခတ်ထားတာကြောင့် လူတိုင်းဟာသူ့ ကို တရားခံအဖြစ်ပဲမြင်နေကြတဲ့အချိန် မှာ Adrián က Virginia ဆိုတဲ့ ရှေ့နေ့ကို တရားခွင်မှာ သူ့ဘက်မှချေပပြောဆိုပေးဖို့ ငှားလိုက်ပါတယ် Virginia တစ်ယောက် အမှုကို ကိုင်တွယ်နေချိန်မှာ
Adrián ၏ အတိတ် က ယဉ်တိုက်မှု့အကြောင်း သိရှိသွားပြီး Adrián က တကယ် အပြစ်မရှိဘူးလား လူသတ်တရားခံက ဘယ်သူလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှု့နိုင်ပါပြီ GC ပရိတ်သတ်ကြီးတို့

Translated by Myat Noe Kyi Phyu
Encoded by Hein Min Htet
Quality : Bluray
Size : 700mb/350mb

Download Large Size
Download Small Size 

Beauty and the Beast (2017) မြန်မာစာတန်းထိုး



Beauty and the Beast (2017) မြန်မာစာတန်းထိုး bluray နီးပါး Webrip version
.
Storyline
.
Belle ဆိုတဲ့ တခြားမိန်းကလေးတွေနဲ့ မတူ ထူးခြားတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ တစ်ရက် အဖေလုပ်သူ လမ်းမှားပြီးတောထဲက ရဲတိုက်ကြီးတစ်ခုကိုရောက်၊ အင်မတန်မှ ရုပ်ဆိုးအကျဉ်းတန် ကြောက်ဖို့ကောင်းလှတဲ့ သတ္တဝါကြီးရဲ့ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရတဲ့အတွက် သတ္တိရှိလှတဲ့ Belle ဟာ အဖေဖြစ်သူအတွက် ကိုယ်စား အကျဉ်းကျခံခဲ့ပါတယ်။ အဲမှာ Belle ဟာ လျို့ဝှက်ဆန်းကျယ်လှတဲ့ ရဲတိုက်ကြီးနဲ့ အဲမှာနေကြတဲ့ ဖော်ရွေလှတဲ့ သက်ရှိ အရာဝတ္ထုတွေ၊ နောက်တော့ အပြင်ပမ်း အကျဉ်းတန်သလောက် စိတ်ကောင်း ရှိတယ်လို့ထင်ရတဲ့ သတ္တဝါ Beast ကြီးနဲ့ပါ သံယောဇဉ် တွယ်လာခဲ့ပါတယ်။
.
Review
.
အားလုံးသိကြမဲ့အတိုင်း Disney ရဲ့ နာမည်ကျော် ကာတွန်းကို ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းမှာ မင်းသမီးက မင်းသားကို ပြန်ကယ်ရတဲ့ ရုပ်ရှင်လည်းဖြစ်၊ တခြားကားတွေလို မဟုတ်ဘဲ dark ဖြစ်တဲ့ဘက် သွားထားလို့ တော်တော်ထူးခြားခဲ့တဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ နောက် ကာတွန်းမှာပါခဲ့တဲ့ နာမည်ကျော် တေးသီချင်းတွေကြောင့်လည်း အောင်မြင်ခဲ့တယ်ပေါ့။
.
အခုရုပ်ရှင်မှာလည်း ကာတွန်းနဲ့ တစ်ထေရာထဲ နီးပါးကို ပြန်အသုံးပြုထားတယ်။ သူ့အရင်ထွက်ခဲ့တဲ့ တခြား live action adaption တွေထက် သီချင်းတွေ ပိုသုံးထားတယ်။ အဲအတွက်တော့ ရုပ်ရှင်မှာ fan နည်းနည်းရွေးသွားလိမ့်မယ်ထင်ပါတယ်။ ဘာလို့ဆို ဇာတ်ရှိန်တက်လာလိုက် သီချင်းဆိုလိုက်နဲ့ အမြဲနီးပါးဖြစ်နေတော့ Disney ရဲ့ original animation fan တွေ၊ musical ကြိုက်သူတွေလိုမျိုးအတွက် အဆင်ပြေမှာဖြစ်ပေမဲ့ ရုပ်ရှင်အနေနဲ့ ပုံမှန်လောက် ကြည့်ချင်သူတွေအတွက်တော့ တော်တော်ပျင်းဖို့ကောင်းပါလိမ့်မယ်။
.
CGI နဲ့ art, animation ပိုင်းမှာတော့ ဘုရင်တစ်ဆူဖြစ်ပြီးသား Disney ရဲ့ လက်ရာဖြစ်တဲ့အတွက် အပြစ်ပြောစရာ မရှိလောက်အောင်ပါပဲ။ ဆိုလိုက် က လိုက်ကြတဲ့ သီချင်းတွေ၊ ရှုခင်းတွေ၊ ရဲတိုက်ကြီးနဲ့ အပေါင်းအပါတွေ၊ စားပွဲပေါ်မှာ တင်ထားတဲ့ တိုလီမုစ အကုန်လုံး အနုစိတ်ပြီး လက်ရာမြောက်တယ်။ တော်တော်လည်း အပင်ပမ်းခံနိုင်ကြပါပေတယ်။ အသံပိုင်းဆိုင်ရာလည်း တော်တော်ကောင်းတယ်။
.
သရုပ်ဆောင်ပိုင်းမှာ တော် ကျော်တို့ Belle အဖြစ်သရုပ်ဆောင်တဲ့ Emma Watson ဟာ တော်တော်လေး ကြိုးစားထားပေမဲ့ တစ်ခုခု လိုနေတယ်။ သူကိုယ်တိုင်ကလည်း feminist တစ်ယောက်ဖြစ်နေလို့ feminist ဆန်ဆန် ဇာတ်ကောင်နဲ့မို့ အံကိုက် ဖြစ်နေပေမဲ့ တစ်ချက်တစ်ချက်မှာတော့ အသက်မပါသလို ဖြစ်ဖြစ်နေတယ်။ နောက် သူ့မျက်နှာထားနဲ့ ပုံစံအရ လူပုံအလယ် သိပ်မပေါ်လွင်ခဲ့ဘဲ မြုပ်နေခဲ့တယ်။
.
ဒီကားမှာ သဘောအကျဆုံးကတော့ တခြားကားတွေမှာ ခံစားလို့မရခဲ့တဲ့ Luke Evans ပါ။ ဇာတ်ရုပ်နဲ့ လုံးဝ ကွက်တိ လုပ်နိုင်ခဲ့တယ်။ နောက် Lumiere အဖြစ် အသံနဲ့သရုပ်ဆောင်တဲ့ Ewan McGregor ကိုလည်း တော်တော် သဘောကျမိပါတယ်။
.
Beauty and the Beast ဟာ အားလုံးနီးပါး ကောင်းခဲ့တဲ့ ရုပ်ရှင်ပါ။ တစ်ခုရှိတာက အစပိုင်းမှာပြောခဲ့သလို ကာတွန်းကားထက်ကို ပိုပြီး musical ဆန်အားကြီးခဲ့တဲ့အတွက် hardcore fan တွေလောက် သီချင်းနဲ့ကတာ ကြိုက်သူတွေလောက်ဖို့ အဆင်ပြေ သဘောကျ အားရမှာဖြစ်ပေမဲ့ ပုံမှန်ရုပ်ရှင်ပို သဘောကျသူတွေအတွက်တော့ အဆင်မပြေပါဘူး။
.
Movie Information

Director : Bill Condon
Top billed cast: Emma Watson, Dan Stevens, Luke Evans
Production: Walt Disney, Mandeville Films
Distribution: Walt Disney studios motion pictures
Running Time: 2hr 9mins
Budget: $160 million
Box Office: $690 million
Age Rating : PG
.
Movie ratings

Datshin : 3.6/5
IMDb: 7.8/10
Rotten Tomatoes: 70%
.
Admin KPK
#datshin #datshinreviews
Translate by Lwin Naung
Encoded by Hein Min Htet
Quality-Webrip version 1080p
Size-1G/500mb
Download Large Size
Download Small Size

Vincent N Roxxy (2016)

 


Vincent N Roxxy (2016)  IMDb 5.6/10

မြို့ငယ်လေးတစ်ခုမှာ vincent နဲ့ roxxy ဆိုတဲ့ကောင်လေးနဲ့
ကောင်မလေးနစ်ယောက်မတော်တဆမှုဖြစ်ပွားတဲ့
နေရာမှာတွေ့ဆုံခဲ့ကျပါတယ် vincent ဟာ roxxy ကို
မတော်တဆဖြစ်ပွားတဲ့နေရာကနေကယ်တင်ပီးခေါ်လာခဲ့ပါတယ်
ဒါပင်မဲ့အကြောင်းပြချက်တစ်ခုကြောင့်သူတို့နောက်ကို
လူဆိုးတွေကလိုက်ပီးတော့သတ်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်
ဘာလို့လူဆိုးတွေကသူတို့နောက်ကိုလိုက်လဲဆိုတာနဲ့
roxxy ကရောဘယ်လိုလူစားမျိုးလဲဆိုတာကိုတော့...........


Review by Lwin Naung
Encoded & Translated by Aung Myint Oo

Download Here

Guardians of the Galaxy Vol. 2 (2017) မြန်မာစာတန်းထိုး




Guardians of the Galaxy Vol. 2 (2017) မြန်မာစာတန်းထိုး
=======================================

၀၁၄ တုန်းက ပီတာကွင်းလ်၊ဂါမိုရာ၊ ဒရက်၊ ရော့ကက်နဲ့ ဘေ ဘီဂရုတ်ထ်တို့ဟာ ဂလက်ဆီကိုကာကွယ်စောင့်ရှောက်သူတွေအဖြစ် လူသိများပါတယ်။ပီတာကွီးလ် ခေါင်းဆောင်တဲ့ စူပါဟီးရိုးအဖွဲ့ ကို စွမ်းအားမြင့်ဂြိုဟ်သားမျိုးနွယ် စုဖြစ်တဲ့ ဆိုဗာရိန်းတွေကအဖိုး တန်ဘက်ထရီတွေကို လူဆိုးတွေ ရန်က ကာကွယ်ဖို့အတွက် ငှား ရမ်းခဲ့ပါတယ်။အဲဒါတွေထဲက တချို့ကို ရော့ကက်က ခိုးယူလာခဲ့တဲ့အ တွက် ဆိုဗာရိန်းတွေက သူတို့အ ဖွဲ့ရဲ့ယာဉ်ပျံကိုဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်ပြီး အဲဒီဒရုန်းတွေ ကို ထူးဆန်းတဲ့အရာတစ်ခုက ဖျက်ဆီးပေးပေမယ့်လည်းဂါးဒီး ယန်းအဖွဲ့ဟာ သူတို့ရဲ့ယာဉ်ပျံကို နီးစပ်ရာဂြိုဟ်တစ်ခုမှာ ဆင်းသက်ခဲ့ရပါတယ်။ အဲဒီထူးဆန်းတဲ့အ ရာက သူ့ကိုယ်သူ ကွီးလ်ရဲ့ဖခင် အီဂိုဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားပြီး သူနေတဲ့နေရာကို ခေါ် သွားခဲ့ပါတယ်။ကွီးလ်ရဲ့ အဖေအီဂိုက သူ ဟာ နတ်ဘုရားကဲ့သို့သော သူ တစ်ယောက်ဖြစ်ပြီး လူသားအ သွင်ဖန်တီးပြီး အာကာသထဲကို သွားလာရင်းကွီးလ်ရဲ့အမေမယ် ရီဒစ်နဲ့ ဆုံခဲ့တာဖြစ်ကြောင်း ပြော ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဆိုဗာရိန်းတွေရဲ့ ခေါင်းဆောင် အိုင်းရှားကယွန်ဒူဆိုသူနဲ့အဖွဲ့ကို ငှားရမ်းပြီး ကွီးလ်တို့တွေကို လိုက် ရှာဖမ်းဆီးခိုင်းခဲ့ပါတယ်။       ဒီတစ်ခါဇာတ်လမ်းမှာလည်း ခေတ်လွန် သိပ္ပံလက်နက်တွေ၊ ယာဉ်တွေနဲ့အတူ အဆင့်မြင့်အထူးပြုလုပ်ချက်တွေကြောင့်စိတ်ကူးယဉ်သိပ္ပံဇာတ်ကားကြိုက် ပရိသတ်တွေကတော့ သဘောကျမှာ သေချာပါတယ်။ကွီးလ်တို့ဟာ သူတို့တွေကို လိုက်လံတိုက်ခိုက်နေတဲ့ အဖွဲ့ တွေရဲ့ လက်ကလွတ်အောင် ရှောင်ရင်း ဂါးဒီးယန်းအဖွဲ့ ခေါင်းဆောင်ကွီးလ်ရဲ့ မိဘမျိုးရိုးနဲ့ပတ်သက်တဲ့ လျှို့ဝှက်အကြောင်းအရာတွေကိုပါ သိရှိခွင့်ရခဲ့ပါတယ်။ဂါးဒီးယန်းအဖွဲ့တွေနဲ့ ဆိုဗာ ရိန်းတွေ ဘယ်လိုတွေ တိုက်ခိုက် ကြမှာလဲ၊ အဖွဲ့ခေါင်းဆောင်ကွီးလ် ရဲ့ ဘ၀ဇာတ်ကြောင်း အမှန်ကဘာတွေဖြစ်မလဲ၊ ဂလက်ဆီကို ကာကွယ်သူတွေဒီဇာတ်ကားမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်ရမလဲဆိုတာ ကြည့်လိုက်ပါဦး။ဒီဇာတ်ကားမှာ ခရစ္စပရက်၊ ဇိုးဆယ်လ်ဒါနာ၊ ဒေ့ဗ်ဘော်တစ္စ တာ၊ ဗင်ဒီဇယ်၊ ဘရက်ဒ်လေကူး ပါး၊မိုက်ကယ်ရူကာ၊ ကယ်ရန်ဂစ် လန်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားပါတယ်

Review : 7daydaily.com
Translated by Lwin Naung
Encoded by Hein Min Htet
Quality-Hdtc 720p
Size :900mb
Download Here



The Lucky Guy 1998 - မြန်မာစာတန်းထိုး




The Lucky Guy 1998 - မြန်မာစာတန်းထိုး

ဒီကားကလေးကတော့ ဒါရိုက်တာ Lee Ki Chi က ၁၉၉၈ မှာရိုက်ကူးပြီး Stephew Chow , Sammi Cheng, Daniel Chan နဲ့ Shu Qi တို့ပါဝင်သရုက်ဆောင်ထားတဲ့ ဟာသကားလေးပါ

"Lucky" ဆိုတဲ့ကော်ဖီဆိုင်လေးက ကြက်ဥပူတင်းနဲ့ အရမ်းကောင်းတယ်လို့နာမည်ကြီးနေတဲ့ဆိုင်လေးပါ

စားပွဲထိုး Su က ဆိုင်မှာ ရုပ်ချော နာမည်ကြီးပြီး ကြက်ဥပူတင်းမင်းသားလို့တင်စားခေါ်ခဲ့တဲ့သူ
မိန်းကလေးတွေ ချစ်ခင်ရပေမယ် candy ဆိုတဲ့မိန်းကလေးတစ်ယောက်ကိုပဲ စွဲလမ်းခဲ့တယ်..

Su နဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ Nam နဲ့ Fu ဆိုတဲ့ သူတွေမှာလည်း အချစ်ပြသနာလေးတွေကိုယ်စီရှိကြတယ် ..
အဲ့ဒီအချိန်မှာပဲ ကော်ဖီဆိုင်က မြေရှင်ရဲ့ ဈေးတိုးတောင်းမှုကြောင့် ဆိုင်ဖျက်သိမ်းရမယ့်အခြေအနေတွေဖြစ်လာတာကို Su, Nam နဲ့ Fu တို့သူငယ်ချင်းတွေ ဘယ်လိုကာကွယ်မလဲဆိုတာ...ဟာသလေးတွေရောပြီး ဘယ်လိုရိုက်ကူးထားတယ်ဆိုတာ ဆက်လက်ကြည့်ရှူ ကြပါဦးလို့....

Review & Translated by Khine Ni Ni Shein
Encoded by Hein Min Htet
Quality-HD 720p
Size : 770mb/400mb
Download Large Size
Download Small Size

Superbad (2007)မြန်​မာစာတန်းထိုး


Superbad (2007)မြန်​မာစာတန်းထိုး

ကျွန်တော်တို့ဟာ ဆယ်ကျော်သက်ကျောင်းသားကားတွေ တော်တော်များများကြည့်ဖူးကြပါတယ် 21 and over, american pieတို့လို ဒါပေမဲ့ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလဲရှိပါတယ် ဒါပေမဲ့ ဒီကားလေးကတော့ အဆန်းဗျ လူကြီးရောလူငယ်ပါ တစ်ဝါးဝါးတစ်ဟားဟားနဲ့ ကြည့်ရမှာဗျာ

Old but goldဆိုသလိုပဲ ဒီကားလေးဟာ  2007တုန်းက ထွက်ခဲ့တဲ့ကားလေးပေါ့ ဒီကားထွက်တုန်းကဆို ရုပ်ရှင်ဝေဖန်ရေးသမားတွေကော ကြည့်ရှုတဲ့ ပရိသတ်တွေပါ အရမ်းအားရခဲ့တယ်

ကျောင်းမှာ အနှိမ်ခံ အနှိပ်စက်ခံ သူငယ်ချင်း၃ယောက်ဟာ ကျောင်းက ဘယ်သူမဆိုလုပ်တဲ့ ပါတီတွေကို အဖိတ်မခံခဲ့ရပါဘူး ဒါပေမဲ့ တစ်နေ့မှာ သူတို့ကြိုက်နေတဲ့ ကောင်မလေးအိမ်မှာ ကျင်းပမဲ့ ပါတီတစ်ခုကို ဖိတ်ခံရပါတယ် ဒါပေမဲ့ အဲ့ကောင်မလေးက ပါတီကိုလာရင် ပါတီပွဲဖို့ သောက်စရာတွေ ဝယ်လာဖို့ ပြောလိုက်ပါတယ် သူတို့နိုင်ငံရဲ့ ဥပဒေအရ အသက်၂၁မပြည့်ရင် ဘယ်သူ့ကိုမှ အရက်ရောင်းချခွင့်မပေးပါဘူး ဒီတော့ သူတို့ဟာ အသက်၁၇ပဲရှိတဲ့အတွက် IDကတ်အတုတွေလုပ်ပြီး အရက်ဝယ်ကြရာမှ မထင်မှတ်ပဲ ဖြစ်လာတယ့် အဖြစ်အပျက်တွေကို ဖြေရှင်းပြီး ပါတီကို နောက်ဆုံး ဘယ်လိုတက်ရောက်ရမလဲဆိုတာ ကြည့်ရမှာပါ

ဒီကားလေးဟာ ကုန်ကျငွေ သန်း၂၀သာ အသုံးပြုထားပေမဲ့ ရုံတင်ဝင်ငွေဟာ သန်း၁၇၀ထိပြန်ဝင်ထားလို့ မကောင်းမှာမစိုးရိမ်ရပါဘူး သရုပ်ဆောင်တွေအနေနဲ့ကလဲ တွဲနေကျ ဟာသသရုပ်ဆောင်တွေ ကိုတွေ့ရမှာ ဖြစ်ပါတယ် Moneyballနဲ့ The wolf of wall streetနဲ့ oscarစာရင်း နှစ်ကြိမ်ဝင်ခဲ့တဲ့ Jonah Hill မသိသူမရှိသလောက်ပါပဲ Junoထဲက Michael Cera ပြီးတော့ Kick-assထဲက Mother fuckerကြီး Christopher Mintz-Plasse ပြီးတော့ Seth Rogenနဲ့ Bill Hader တစ်လောက La La Landနဲ့ Oscarရသွားတဲ့ Emma Stoneတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်


Translated by Min Thwin Khant
Encoded by Hein Min Htet
Quality-Bluary
size-800mb/400mb

Download Large Size
Download Small Size

Shrek : The Collection မြန်​မာစာတန်းထိုး




Shrek : The Collection မြန်​မာစာတန်းထိုး

Shrek လို့ဆိုလိုက်တာနဲ့ ရဲရင့်တဲ့ ပေါတောတော ဘီလူးစိမ်းကြီးကို ပြေးမြင်မိကြမယ်ထင်ပါရဲ့။ ဟုတ်ပါတယ်။ Dreamworks Animation ရဲ့ ရေပန်းအစားဆုံး ကာတွန်းစီးရီးထဲမှာ Shrek က Kung Fu Panda ထက် တစ်ကားပိုပြီး နှာတစ်ဖျားသာနေပါတယ်။ Shrek ကားရဲ့ ပေါက်ချက်ကြောင့် သူ့ရဲ့ spin-off ဖြစ်တဲ့ Puss in Boots ဟာလည်း 2011 မှာ ၀င်ငွေသဲ့ယူခဲ့ပြန်ပါသေးတယ်။ Shrek အောင်မြင်တာနဲ့အမျှ သူနဲ့ ပတ်သက်တဲ့ ပစ္စည်းအသုံးအဆောင်ကလေးတွေကို ကလေးတွေက အရူးအမူး ၀ယ်ယူခဲ့လို့ commercial ဖက်မှာလည်း အတော်ကြီး မြိုးမြိုးမြက်မြက် ရသလို Universal Studios ကြီးက ကလေးကစားကွင်းတွေမှာပါ ရဲတိုက်တွေ မိုးပျံရထားတွေနဲ့ ထည့်သွင်းတည်ဆောက်ကြပြန်ပါတယ်။ သည်လို အောင်မြင်တဲ့ Shrek ရဲ့ ဇာတ်ကြောင်းက ရိုးရိုးကလေးနဲ့ ဆန်းပြားစွာ ဆွဲဆောင်နိုင်ပါတယ်။ ပုံပြင်ကလေးက...။
ဟိုးရှေးရှေးတုန်းက ကျိန်စာသင့်နေတဲ့ မင်းသမီးလေးတစ်ပါး ရှိသတဲ့။ အဲဒီကျိန်စာကတော့ မင်းသမီးကလေးဟာ ညဖက်ကျရင် ဘီလူးမအဖြစ် ပြောင်းလဲသွားတတ်သတဲ့။ သည်ကျိန်စာဟာ အချစ်စစ်နဲ့ နမ်းမှသာ ပျက်ပြယ်မှာတဲ့။ ဘုရင်ကြီးနဲ့ မိဖုရားကြီးက ရှက်လို့ ဖုံးဖိထားကြသလို သည်ကျိန်စာကနေ လွတ်မြောက်ချင်တဲ့ မင်းသမီးကလေးဟာလည်း သူမကို ကယ်တင်နိုင်မယ့်သူကို တိတ်တိတ်ကလေးပဲ ကျိတ်ပြီး မျှော်လင့်နေမိရှာတာပေါ့။ အဲဒီတိုင်းပြည်မှာပဲ Shrek ဆိုတဲ့ ခပ်တုံးတုံး ဘီလူးကြီးတစ်ကောင်ဟာ Donkey ဆိုတဲ့ စကားပြောတတ်တဲ့ မြည်းတစ်ကောင်နဲ့ မိတ်ဆွေတွေ ဖြစ်နေကြတယ်။ Lord Farquaad လို့ အမည်ရတဲ့ လူကြီးတစ်ဦးဟာ ဘုရင်ဖြစ်ချင်လို့ မင်းသမီးလေးကို သိမ်းပိုက်မယ် ကြံတဲ့အခါ ဘီလူးကြီးနဲ့ မြည်းကလေးတို့ဟာ မင်းသမီးလေးကို ကယ်တင်ဖို့ အကြောင်းဖန်လာတော့သတဲ့ကွယ်။
ဒါဟာ Shrek ရုပ်ရှင်ရဲ့ အစဦးပိုင်း ဇာတ်လမ်းတည်ဆောက်ပုံ ဖြစ်ပြီး sequel တွေ ထွက်လာတာနဲ့ ဇာတ်အိမ်ကို ပိုမိုတိုးချဲ့ကာ စွန့်စားခန်းတွေ အပြွတ်အသိပ်နဲ့မို့ ချစ်ပရိတ်သတ်ကြီးကို အဆက်မပြတ်ရလေအောင် Gold Channel မှ အစအဆုံး တင်ဆက်ပေးလိုက်ပါတယ်နော်။

Translated by ဆလတ်ရွက်
Encoded by Waiyan Phillip
Shrek 1 : 483 MB
Shrek 2 : 495 MB
Shrek 3 : 498 MB
Shrek 4 : 500 MB
Download Shrek 1
Download Shrek 2
Download Shrek 3
Download Shrek 4

Amityville Exorcism (2017)မြန်​မာစာတန်းထိုး




Amityville Exorcism (2017)မြန်​မာစာတန်းထိုး

AmityVillyကို နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Conjuring 2ရဲ့ အစပိုင်းမှာ ကြည့်ဖူးမှာပါ... ဝါရိန်းတို့ဇနီးမော
င်နှံလာမစုံစမ်းခင်တည်းက အဲ့ဒီအိမ်ကြီးရဲ့အမှုဟာ နာမည်ကြီးနေတဲ့ တကယ့်အဖြစ်အပျက်တခုပါ ...
နယူးယောက်ခ်မြို့ လောင်းအိုင်လန်းမှာ ၁၉၇၃ နိုဝင်ဘာ(၁၃)ရက်နေ့မှာ ရော်နယ်ဒီဖိုးဟာ သူ့ရဲ့မိဘ ညီ၊ညီမတွေကို ပွိုင့်(၃၅)မာလင်ရိုင်ဖယ်နဲ့ပစ်သတ်ခဲ့ပါတယ် ပြောင်းဝကျယ်သေနတ်သံကြောင့် တအိမ်လုံးမနိုးတာ အခင်းဖြစ်ချိန် မနက်၃နာရီ၁၅မိနစ်မှာ ပတ်ဝန်းကျင်ကလူတွေမနိုးတာ တကယ်အံ့ဩစရာပါ ရော်နယ်ဒီဖိုးဟာ ဖခင်မုန်းတီးသူဖြစ်နေပြီး ဆေးစွဲနေတာကြောင့် ဂျူရီလူကြီးတွေက သူ့ကို ထောင်ဒဏ်ခြောက်သက်ချမှတ်လိုက်ပါတယ် ဒါပေမဲ့ ခြောက်ခြားဖွယ်တွေကတော့ မရပ်တန့်ခဲ့ပါဘူး ဒီဇာတ်ကားလေးကတော့  ရော်နယ်ဒီဖိုးထောင်ကျနေချိန် ကာလအတွင်းဖြစ်ပွားခဲ့တဲ့အကြောင်းတခုကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ AmityVillyအိမ်ကြီးကို ပြုပြင်မှုလုပ်အပြီးမှာ ပြင်ပေးတဲ့လက်သမားက မလိုအပ်နဲ့ပစိဘောဂတွေကိုယူလာခဲ့ပြီး သူ့ရဲ့လုပ်ငန်းအတွက်အသုံးပြုခဲ့ပါတယ်
အဲ့ဒီမှာ အိမ်တအိမ်ကိုပြင်ပေးရင် AmityVillyက ပရိဘောဂအဟောင်းနဲ့အစားထိုးခဲ့ပါတယ်
 လူသတ်သမားဝိဥာဉ်ဟာ အဲ့ဒီအိမ်က လူကိုပူးကပ်ပြီး သူ့အိမ်သားတွေကိုသတ်ပစ်ခဲ့ပါတယ် နောက်ပြောင်းလာတဲ့မိသားစုရောက်လာတဲ့အခါမှာတော့ အဖေတခုသမီးတခုဖြစ်နေတဲ့ မိသားစုက သမီးက်ုပူးကပ်ပြီး လူသတ်မှုတွေကျူးလွန်လာပါတော့ အဲ့ဒီအကြောင်းကိုသိပြီး ဘုန်းတော်ကြီးတပါးရောက်လာတဲ့အခါမှာတော့.... ကဲ သူငယ်ချင်းတို့ရေ လူသတ်သမားဝိဥာဉ်နဲ့ ဘုန်းတော်ကြီးတို့ အားပြိုင်ပွဲမှာ ဘယ်သူနိုင်မလဲ ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲစီးမျောခံစားကြည့်ကြပါလို့
(အညွှန်းနဲ့ဘာသာပြန်ကိုတော့ စာရေးဆရာလေး ခေတ်သီဟမှ(Khit Thi Ha) ဖန်တီးတင်ဆက်ပေးထားပါတယ်။)

Encoded by Hein Min Htet
Quality-Hd 720p
size-560mb/310mb

Download Large Size
Download Small Size

Sahara(2017)မြန်​မာစာတန်းထိုး



Sahara(2017)မြန်​မာစာတန်းထိုး

ဒီတခါတော့ Baby bossလေးမလာခင် Netflixကမနေ့ကမှအသစ်ဆက်​ဆက်​ ထုတ်လွှင့်လာတဲ့ ကာတွန်း
ကားလေးတကားကို ချစ်စွာဖြင့်တင်ဆက်ပေးလိုက်ပါတယိ။imbd 5.6/10ရရှိထားပြီး ကြည့်ရမယ် ဇာတ်ကောင်လေးတွေကတော့ ကျော်တို့အမြဲလိုကြောက်ရွံကြတဲ့ မြွှေလေးနဲ့ ကင်းမှီးကောက်လေးတို့ကို ချစ်စဖွယ် animationအနေနဲ့မြင်တွေ့ရမှာဆိုတော့ တမျိုးတော့ ဆန်းပါလိမ်မယ်။အဂျာ နဲ့ ပစ် တို့ဟာအရမ်းခင်မင်တဲ့သူငယ်ချင်းနစ်ယောက်ဖြစ်ပါတယ်။အဂျာ ကသဲကန္တာရထဲကမြွေတစ်ကောင်ဖြစ်ပီးတော့ ပစ် ကတော့ကင်းမြှီးကောက်တစ်ကောင်ဖြစ်ပါတယ်
အဂျာ ဟာသဲကန္တာရထဲမျာနေရတာကိုမနစ်သက်ဘဲအိုအေစစ်ထဲကိုသွားနေချင်ခဲ့တာပါ
ဒါပင်မဲ့အိုအေစစ်ထဲမှာနေထိုင်ကြတဲ့အစိမ်းရောင်မြွေတွေကတော့ အဂျာ လိုသဲကန္တရထဲမှာနေတဲ့ မြွေတစ်ကောင်ကို
သူတို့နေထိုင်ရာ အိုအေစစ် ထဲကိုပေးမဝင်ပါဘူး အဲ့ဒါကြောင့်မလို အဂျာ ဟာသူ့ကိုယ်သူအစိမ်းရောင်မြွေတစ်ကောင်ဟန်ဆောင်ပီးတော့ အိုအေစစ်ထဲကို ဝင်ရောက်ခဲ့ပါတယ်
အဲ့မှာ အီဗာ ဆိုတဲ့မြွေမလေးတစ်ကောင်နဲ့
ရင်းနှီးသွားခဲ့ပါတယ်
ဒါပင်မဲ့ အီဗာ ဟာလူသားတွေရဲ့အဖမ်းခံခဲ့ရပါတယ်
အဂျာ ဟာအိုအေစစ်ထဲကနေဘယ်လိုထွက်မလဲဆိုတာနဲ့ အီဗာ ကိုကယ်တင်ဖို့ကြိုးစားရာမှာ
ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာကိုတော့.......

Review & Translate by Lwin Naung
Encoded by Hein Min Htet
Quality-Webrip 720p
Size-610/340mb

Download Large Size
Download Small Size
Gold Channel. Powered by Blogger.
 
Support : Gold Channel | Phyo Min Thant Template | Phyo Min Thant
Copyright © 2011. Gold Channel - All Rights Reserved
Template Created by Phyo Min Thant Published by Gold Channel Movies
Proudly powered by Gold Channel Team