Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Agent of Shield Season 4 (မြန်မာစာတန်းထိုး)

စူပါဟီးရိုးရုပ်သံစီးရီးဆိုရင် CW ရုပ်သံရဲ့ DC ရုပ်ပြအခြေခံ The Flash တို့ Arrow တို့က လူတိုင်းလိုလို ကြည့်ဖြစ်ကြမယ့် စီးရီးတွေလို့ ဆိုရလိမ့်မယ်။ ဒါတောင် Arrow က Season 3 နဲ့ 4 ရဲ့ နုံချာမှုကြောင့် ပရိသတ်တော်တော်ဆုံးရှုံးသွားမယ့်ပုံပါပဲ။ အလားတူ Netflix ရဲ့ Marvel စီးရီးတွေဖြစ်တဲ့ Daredevil၊ Jessica Jones၊ Luke Cage တို့ဟာ ရင့်ကျက်ပြီး၊ ကြမ်းတမ်းခက်ထန်တဲ့ဇာတ်အိမ်၊ ဇာတ်ရုပ်တွေကြောင့် အရမ်းချီးကျူးခံရ၊ လူကြိုက်များ တဲ့ ဇာတ်လမ်းတွဲတွေပေါ့။ ဒါပေမယ့် Marvel စီးရီးချင်းအတူတူ ပရိသတ်သိပ်အာရုံမကျပဲ သူ့နည်းသူ့ဟန်နဲ့ ရှေ့ဆက်နေဆဲ စီးရီးတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ABC ရုပ်သံလိုင်းရဲ့ Agents of S.H.I.E.L.D ပါပဲ။ ကြည့်ရှုနှုန်း Rating လည်း သိပ်မကောင်းပါပဲနဲ့ လိမ်ဖယ်လိမ်ဖယ်နဲ့ ရှေ့ဆက်ခဲ့တဲ့ AoS ဟာ အခုဆိုရင် Season 4 ထိ ရောက်နေပြီဖြစ်ပြီး၊ ဇာတ်လမ်းကို သူ့ဟာနဲ့သူဟုတ်နေအောင် ဖန်တီးဆွဲဆောင်ထားပေမယ့် ဒီကပရိသတ်တွေကြားမှာတော့ အပေါ်မှာ ပြောခဲ့တဲ့စီးရီးတွေလောက် စိတ်ဝင်စားမှုမခံရတာ အမှန်ပါ။

AoS Season 4 ကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက စတင်ပြခဲ့တာဖြစ်ပြီး၊ အင်္ဂါနေ့ညဉ့်နက်ပိုင်းအချိန်ကိုရွှေ့သွားတဲ့အတွက် စီးရီးအနေနဲ့ ပိုပြီး သွေးထွက်သံယိုပြကွက်တွေနဲ့ Late night show စတိုင် ခပ်ကြမ်းကြမ်းပွဲထွက်လာခဲ့တာ တွေ့ရပါတယ်။ ကဲ အခု Season 4 မှာ ဘာတွေ စိတ်ဝင်စားစရာရှိသလဲ ခေါင်းစဉ်ခွဲကြည့်ရအောင်။

Ghost Raider
ဒါကတော့ ဒီ Season 4 ရဲ့ အဓိကဆွဲဆောင်လုံးပါပဲ။ ခေါင်းမီးတောက်နေတဲ့အရိုးခေါင်း နတ်ဆိုးဟာ လူတိုင်းသိထားတဲ့ Johnny Blaze တော့မဟုတ်ပဲ Robbie Reyes ဖြစ်ပါတယ်။ ထို့အတူ ဆိုင်ကယ်မစီးပဲ ကားနဲ့ပါ။ ဒါပေမယ့် မူရင်းရုပ်ပြထဲကနဲ့မတူတာက Robbie ဟာ Johnny Blaze လိုပဲ Spirit of Vengeance ကို လက်ခံထားတာပါပဲ။ Gabriel Luna က ပါဝင်သရုပ်ဆောင်ထားတဲ့ Robbie ဟာ သူ့ညီဖြစ်သူကိုဒုက္ခိတဖြစ်သွားစေခဲ့တဲ့တရားခံတွေကို လက်စားချေရာက လူဆိုးတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်တတ်တဲ့ Ghost Rider အဖြစ် ပါဝင်ထားပါတယ်။ တစ်နေ့တော့ သူဟာ Inhuman တွေကို လိုက်သတ်နေတဲ့အစွန်းရောက်ဂိုဏ်း  Watchdog တွေကို တိုက်ခိုက်ရာက အဆိုပါဂိုဏ်းနောက်လိုက်နေတဲ့ ဇာတ်လိုက်ကျော် Daisy Johnson နဲ့ ဆုံပါတယ်။

Phil Coulson နဲ့ အဖွဲ့သားများ
အပေါ်မှာပြောခဲ့သလိုပဲ Daisy ခေါ် Quake ဟာ Season 3 မှာ သူမချစ်သူကို ဆုံးရှုံးသွားပြီးနောက် သူမရဲ့အရင်းနှီးဆုံး Team Coulson နဲ့ S.H.I.E.L.D ဆီကနေ ဝေးရာထွက်ပြေးသွားပြီး၊ Watchdog ဂိုဏ်းကိုတစ်ယောက်တည်း လိုက်လံချေမှုန်းနေပါတယ်။ (ဝရမ်းပြေးဘဝလည်း ရောက်နေပါတယ်။) တစ်ချိန်တည်းမှာတော့ Coulson ဟာ S,H.I.E.L.D ရဲ့ ဒါရိုက်တာနေရာ ဆင်းပေးထားပြီး၊ အေးဂျင့်တစ်ယောက်အဖြစ် လုပ်ကိုင်နေပါတယ်။ ဒါရိုက်တာသစ်ရဲ့ ပေါ်လစီတွေကြောင့် S.H.I.E.L.D ဟာ အရင်လို Coulson တို့အဖွဲ့ စုစုစည်းစည်းလုပ်ချင်လုပ်လို့ရတဲ့နေရာမဟုတ်တော့ပဲ အကန့်အသတ်ပေါင်းစုံနဲ့ ခြံရံထားတဲ့နေရာ ဖြစ်လာပါတယ်။

ပြောင်းလဲလာတဲ့ S.H.I.E.L.D နဲ့ နိုင်ငံရေး
eason 4 မှာ ရှေ့Season ၂ခုလိုပဲ ကမ္ဘာအနှံ့ပေါ်ထွက်လာနေတဲ့ အစွမ်းရှိလူသား inhuman တွေကို အာရုံစိုက်ပြီး၊ Captain America Civil War မှာ မိတ်ဆက်ခဲ့တဲ့ Sakovia Accord ကလည်း ထင်ရှားစွာ ပါဝင်ပါတယ်။ Sakovia Accord အရ Inhuman အားလုံးဟာ မှတ်ပုံတင်ထားရပြီး၊ အစိုးရအဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။ ထို့အတူ S,H.I.E.L.D ကိုယ်တိုင်ဟာလည်း အစိုးရအသိအမှတ်ပြုတရားဝင်အဖွဲ့အစည်း ပြန်ဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်။ ရှေ့က Hydra နဲ့ပတ်သတ်ခဲ့တာတွေ၊ မြေအောက်လှုပ်ရှားခဲ့တာတွေအားလုံးကို ခဝါချဖို့ Coulson ဟာ ဒါရိုက်တာနေရာက ဆင်းပေးလိုက်ပြီး၊ နိုင်ငံရေးနာမည်ကောင်းရှိပြီး လူထုယုံကြည်မှုရတဲ့ Jeffery Mace ကို ဒါရိုက်တာနေရာရပါတယ်။ ရုပ်ပြဖတ်တဲ့လူတွေ Patriot အဖြစ် သိရင်သိကြမှာ ဖြစ်တဲ့ Jeffery Mace  S,H.I.E.L.D အတွက် အမှန်တကယ်စေတနာထားလုပ်နေသူတစ်ဦးဖြစ်ပြီး၊ Coulson တို့အဖွဲ့ကိုလည်း လေးစားမှုထားပေမယ့် သူ့မှာလည်း လျို့ဝှက်ချက်ကိုယ်စီနဲ့ ဖြစ်ပါတယ်။ Inhuman တွေ ပေါ်ထွက်လာမှုကြောင့် သူတို့ကိုကြောက်ရွံ့ခွဲခြားဆက်ဆံမှုတွေ တိုးပွားလာပြီး၊ Inhuman တွေကိုဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေရှိလာသလို Watchdog လို့ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကလည်း အားကောင်းလာခဲ့ပါတယ်။  S,H.I.E.L.D ကတော့ သူတို့ရဲ့နာမည်ပျက်ခဲ့ရတဲ့ပုံရိပ်ကို ပြန်တည်ဆောက်ရဦးမှာ ဖြစ်သလို တစ်ဖက်မှာလည်း inhuman ပြဿနာကို ဒိုင်ခံဖြေရှင်းရမှာပါ။
Life Model Decoy
ရှေ့ Season 3 အဆုံးမှာ tease ခဲ့တဲ့အတိုင်း Life Model Decoy စက်ရုပ်နည်းပညာဟာ ဒေါက်တာ Radcliffe ရဲ့ သူ့ကွန်ပျူတာအကူပရိဂရမ် Aida ကို စက်ရုပ်ခန္ဓာကိုယ်လုပ်ပေးဖို့ စိတ်ကူးပေါက်ရာက စတင်ပါဝင်လာပါတယ်။ S,H.I.E.L.D အေးဂျင့်တွေအတွက် အန္တရာယ်ကြုံလာတဲ့အခါအစားထိုးခံဖို့ ရည်ရွယ်တဲ့ စက်ရုပ် Aida ဟာ ပိုပြီး လူအသွင်နဲ့တူလာကာ အသိဉာဏ်လည်း မြင့်မားလာခဲ့ပါတယ်။ ရှေ့မှာလည်း Ultron ကိစ္စပြီးကတည်းက A.I စက်ရုပ်တွေကို ပြင်းထန်စွာပိတ်ပင်ထားတဲ့အချိန်မှာ Aida ဟာ sci fi ဇာတ်လမ်းတွေမှာ ဖြစ်နေကျထုံးစံအတိုင်း လူဆိုးဖြစ်သွားမလား ဒါမှမဟုတ် သူမရဲ့တာဝန်ကိုကျေပွန်စွာ စောင့်ရှောက်တဲ့စက်ရုပ်ဖြစ်လာမလား စောင့်ကြည့်ရမှာပါ။
Doctor Strange ထဲက မှော်ပညာတွေ

Agents of S.H.I.E.L.D ဟာ Marvel ရုပ်ရှင်ကားကြီးတစ်ကား ရုံတင်ပြီးတိုင်း သူနဲ့ပတ်သတ်တဲ့ Easter egg လေးတွေ ထည့်သွင်းလေ့ရှိပါတယ်။ Doctor Strange မှာ မရေမတွက်နိုင်သော multiverse တွေ Dimension တွေကို မိတ်ဆက်လိုက်ပြီးနောက် အခု AoS မှာ Dimensional Energy တွေ ပါလာပါတယ်။ Doctor Strange ထဲက Mirror Dimension နဲ့ ခပ်ဆင်ဆင်တူတာကော၊ ပြီးတော့ Sling Ring နဲ့ ဆင်တဲ့ Dimension အကူးအပြောင်း portal ပါ ပါဝင်ပါသေးတယ်။ ဒါဟာ Darkholding လို့ခေါ်တဲ့ ရှေးဟောင်းစာအုပ်နဲ့ ဆက်စပ်နေပြီး၊ Kama Taj ရဲ့ Magic ကို ဒီထဲမှာ သိပ္ပံရှုထောင့်ကနေ မြင်ရမှာပါ။

အပိုင်း ၁ စလွှင့်ကတည်းက အပိုင်း ၈အထိ ဇာတ်လမ်းပိုင်းကော ထုတ်လုပ်မှုအရည်အသွေးပိုင်းပါ တော်တော်လေးကိုကောင်းမွန်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် MCU ရဲ့Quicksilverအမျိုးသမီးဗားရှင်းလို့ဆိုရမယ့် Yo-yo ရဲ့ အမြန်ပြေးနေတုန်း Bullet time အနှေးပြကွက်တွေက တော်တော်လေးမိုက်ပါတယ်။ (သူမကိုဇာတ်လိုက်ထားပြီး၊ Agents of  S,H.I.E.L.D Slingshot ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတိုစီးရီးတစ်ခု ဒီကြားထဲလာဦးမှာပါ။) အပေါ်မှာ ပြောခဲ့သလိုပဲ ပို ရင့်ကျက်လာတဲ့ theme နဲ့ ပိုကြမ်းကြမ်းရမ်းရမ်းရှိလာတာလည်း ကြည့်လို့ကောင်းလာပါတယ်။ Season 2 ကတည်းက အစပျိုးလားခဲ့တဲ့ Inhuman ဇာတ်အိမ်ကလည်း တော်တော်လေး အရှိန်ကောင်းလာပြီး၊ မူလက ဇာတ်လိုက်ဖြစ်သူ Skye ကနေ စူပါဟီရိုး Quake တစ်ဖြစ်လဲ Daisy Johnson ဖြစ်လာရာက အခုဆိုရင် Show မှာ စူပါဟီးရိုးတွေ တော်တော်ပါလာပြီ ဖြစ်ပါတယ်။ ဒီထဲက Inhuman တွေဟာ မကြာခင်လာမယ့် Marvel နဲ့ ABC တို့ရဲ့ Inhuman (IMAX)ထိ သယ်သွားမလားဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

http://www.myotaku.club/archives/7352 မှကူးယူဖော်ပြပါသည်.။
Translate by:Theint Mya Thet
Encode by: Invoker
Quality -720P HD
Size 300MB

                   Season 4 Episode 1        Season 4 Episode 2
                    Season 4 Episode 3        Season 4 Episode 4
                     Season 4 Episode 5         Season 4 Episode 6
                     Seaonson 4 Episode 7     Season 4 Episode 8
       
Share this article :

+ comments + 9 comments

12 January 2017 at 15:48

Ep.1 နဲ့ Ep.2ပဲပါတယ်

12 January 2017 at 16:38

တဝက်တပျက်ကြည့်ရမှာလား

12 January 2017 at 16:41

တဝက်တပျက်ကြည့်ရမှာလား

12 January 2017 at 19:17

season1, 2, 3
ရှိရင် တင်ပေးပါဦးခင်ဗျာ

15 January 2017 at 19:57

Season 1,2,3 ရှိလား ရှိရင်​တင်​​ပေးနိုင်​မှာလားဗျာ ကြည့်​ချင်​​နေတာကြာလှပြီ

17 January 2017 at 21:24

ထပ်တင်ပေးပါဦး please

18 January 2017 at 19:30

1 ကဘယ်လိုကြည့်ကမလဲလို့အကို့ရေ့

19 January 2017 at 09:02

Thank u တင်​​ပေးတာအရမ်း​ကျေးဇူးတင်​ပါတယ်

21 January 2017 at 14:44

Hello admins,is this only episode 1 to 6?Becouse I finished until episode 6,but not finish yet.If you have available please upload for that.Thank u so much.Have a good day

Post a Comment

 
Support : Gold Channel | Phyo Min Thant Template | Phyo Min Thant
Copyright © 2011. Gold Channel - All Rights Reserved
Template Created by Phyo Min Thant Published by Gold Channel Movies
Proudly powered by Gold Channel Team